Connect with us

Sport

၂၀၁၉ ခုနှစ် အာဆီယံဖူဆယ်ဖလားပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု(က)တွင် ကျရောက်

၂၀၁၉ ခုနှစ် အာဆီယံဖူဆယ်ဖလားပြိုင်ပွဲ ၏ အုပ်စုစာရင်း အားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

လာမည့် အောက်တိုဘာ ၂၁ ရက်မှ ၂၇ရက် အထိ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပမည့် ၂၀၁၉ ခုနှစ် အာဆီယံဖူဆယ်ဖလားပြိုင်ပွဲ အတွက်အုပ်စု မဲခွဲပွဲ အခမ်းအနားကို ဇူလိုင် ၁၆ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Pavilion Hotel တွင် ကျင်းပခဲ့ရာ မြန်မာအသင်း အုပ်စု(က)တွင် ကျရောက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အုပ်စု ခွဲဝေမှုအရ မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် အုပ်စု(က)တွင် ထိုင်း၊အရှေ့တီမော၊ ကမ္ဘောဒီးယား တို့ဖြင့် တစ်အုပ်စုတည် းကျရောက်နေပြီး အုပ်စု (ခ) တွင်အိမ်ရှင် ဗီယက်နမ်၊ မလေးရှား၊အင်ဒိုနီးရှားနှင့် သြစတြေးလျ အသင်းများ ပါဝင်လျက်ရှိသည်။

မြန်မာ့ လက်ရွေးစင်ဖူဆယ် အသင်းသည် AFF Futsal Championship ပြိုင်ပွဲကို ၂၀၀၆ခုနှစ် မှ စတင်၍ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆု တစ်ကြိမ်၊ တတိယဆု နှစ်ကြိမ် ရရှိထားသည်။ ၂၀၁၈ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ပြိုင်ပွဲတွင် အုပ်စု အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

AFF Futsal Championship 2019 ပြိုင်ပွဲ၏ ထိပ်ဆုံးသုံးသင်းသည် AFC Futsal Championship 2020 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)