Connect with us

Politics, Law & Military

NCA လက်မှတ်ထိုးရေး သုံးလအတွင်း ဆောင်ရွက်ရန် KNPPအား တိုက်တွန်း

NRPC ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ ဝင်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေး ဦးလှမောင်ရွှေက မီဒီယာသို့  ဖြေကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

ယနေ့ ပြုလုပ်ခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီတို့ တွေ့ဆုံပွဲ၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) တွင် သုံးလအတွင်း ( အောက်တိုဘာ လ နောက်ဆုံးထားပြီး) လက်မှတ်ရေးထိုးရန် အစိုးရအဖွဲ့က KNPP အား တိုက်တွန်းခဲ့သည်ဟု NRPC ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ဝင်၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးဦးလှမောင်ရွှေက တွေ့ဆုံပွဲ အပြီး ညနေပိုင်း၌ မီဒီယာသို့ ဖြေကြားခဲ့သည်။

ထို့အပြင် “ထူးခြားချက်ကတော့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ဆယ်ဖွဲ့နဲ့တောင်မှ တစ်လ တစ်ခါ ဆွေးနွေးပွဲတွေ မလုပ်နိုင်ပေမယ့် KNPP က လက်မှတ်မထိုးထားရသေးဘဲနဲ့ Bilateral ထိုးထားပြီးတဲ့ နောက်ပိုင်းမှာ ရှစ်နှစ်တာ ကာလမှာ အစိုးရနဲ့ ပဋိပက္ခ မရှိဘူး၊ နောက်တစ်ခုက အပြန်အလှန် ယုံကြည်မှုက အစိုးရနဲ့ရော တပ်မတော်နဲ့ပါ KNPP က ရရှိနေတယ်၊ ဒါကြောင့် တစ်လ တစ်ခါ အစည်းအဝေးတွေမှာ သက်ဆိုင်ရာ နယ်မြေက တပ်မတော်သားတွေပါ တက်နေကြတယ်၊ ဒါတွေက KNPP ရဲ့ အားသာချက်တွေပါ၊ ခုထိ လက်မှတ်မထိုးနိုင်သေးတာက ကယားပြည်နယ်က ခုနစ်မြို့နယ် ပဲရှိပြီး ကျဉ်းလွန်းတော့ အောက်ခြေမှာ ရှိတဲ့ ပြသနာတွေက သူတို့ကို ရိုက်ခတ်တာတွေ ရှိနေလို့ပါ။ ဒါတွေကိုလည်း ဆွေးနွေးနေပါတယ်” ဟုလည်း ဦးလှမောင်ရွှေက ပြောခဲ့သည်။

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နဲနယ်ဖလိုး မီဒီယာသို့ ဖြေကြားစဉ် (ဆင်ဟွာ)

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် နဲနယ်ဖလိုးက “အစိုးရဘက်ကတော့ စက်တင်ဘာ၊ သို့မဟုတ် အောက်တို ဘာ — NCA နှစ်ပတ်လည် ကာလမှာ လက်မှတ်ရေးထိုးဖို့ကို အဆိုပြု ကမ်းလှမ်းထားပါတယ်၊ အဲဒါကို ကျွန်တော်တို့ကလက်ခံပြီး ကျွန်တော်တို့ခေါင်းဆောင်တွေကို ပြန်တင်ပြပြီး သဘော ထား ခံယူသွားဖို့ ရှိပါတယ်” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

ယနေ့ တွေ့ဆုံပွဲတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို လူထုကို ချပြနိုင်ဖို့နှင့် NCA လက်မှတ်ရေးထိုးနိုင် ရေး ကိစ္စများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖြစ်ခဲ့ကြောင်း၊ တစ်ဆို့မှုများကို နှစ်ဘက်စလုံးက မြင်နေရ၊ ခံစားနေရဖြစ်သောကြောင့် မည်သို့ ကျော်လွှားနိုင်မလဲ ဆွေးနွေးကြောင်း၊ brainstorm သဘောမျိုး ပူးပေါင်း ဆွေးနွေးကြ၊ အကြံဉာဏ်များလည်း ဖလှယ်ကြကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနှင့် ပတ်သက်ပြီး KNPP ဘက်က မြေပြင် အခြေအနေများကို အခြေခံပြီး တင်ပြဆွေးနွေးခဲ့ကြောင်း၊ အစိုးရဘက်ကလည်း လုပ်ပေးနိုင်သည့် အမြင်သဘောထား တင်ပြလာခဲ့ကြောင်းလည်း နဲနယ်ဖလိုးက ပြောကြားခဲ့သည်။

KNPP အဖွဲ့ မနက်ဖြန် (ဇူလိုင် ၁၈ ရက်)တွင် တပ်မတော် အဖွဲ့အစည်းနှင့် သွားရောက်တွေ့ဆုံပြီး တပ်ရေးရာ ကိစ္စများအား ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.