အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Punjab ပြည်နယ် တွင် အောက်တိုဘာ ၂၁ ရက်က ခရီးသည်တင်ဘတ်စ်ကား ၂စီး ခေါင်းချင်းဆိုင်တိုက်မိ၍ အနည်းဆုံး လူ ၁၉ဦးသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် ပြည်တွင်းသတင်းဌာနကဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၂၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒါဟာပြည်နယ်၌ အောက်တိုဘာ ၁၈ ရက်ကဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုအတွင်း အမေရိကန်ဗိုလ်ချုပ်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း အမေရိကန်စစ်တပ်က အတည်ပြုပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲ ဒုတိယနေ့အဖြစ် ပြည်နယ် ၃၄ ခုအနက် ၁၄ ခုတွင် အောက်တိုဘာလ ၂၁ ရက်တွင် မဲပေးမှုဆက်လက်ကျင်းပခဲ့စဉ် နိုင်ငံအရှေ့ပိုင်း Nagharhar ပြည်နယ်တွင် လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲံကြောင်း...