Connect with us

Europe

ဖမ်းဆီးထိန်းသိမ်းထားသည့် ရေနံတင်သင်္ဘော ပြန်လွှတ်ပေးရန် ဗြိတိန်က အီရန်ကို တိုက်တွန်း

အီရန်နိုင်ငံ ဟောမုဇ်ရေလက်ကြားအနီးတွင် ဗြိတိန်ရေနံတင်သင်္ဘောအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

ဖမ်းဆီးထိန်းသိမ်းထားသည့် ဗြိတိန် ရေနံတင်သင်္ဘော အမြန်ဆုံးပြန်လွှတ်ပေးရန်၊ သို့မဟုတ်ပါက အနောက်နိုင်ငံများ၏ ပင်လယ်ပြင်လှုပ်ရှားမှုကို ရင်ဆိုင်ရနိုင်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်(Jeremy Hunt)က အီရန်ကို ဇူလိုင် ၂၂ ရက် တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ဗြိတိန်သည် ဟောမုဇ်(Hormuz)ရေလက်ကြားရှိ အီရန်၏ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် အခြား ဥရောပနိုင်ငံများနှင့်ပူးပေါင်း၍ ၎င်းနိုင်ငံ၏ သင်္ဘော သွားလာမှုကို ကာကွယ်စောင့်ရှောက်ရန် လုပ်ဆောင်သွားနိုင်ကြောင်း ဂျယ်ရမီဟန့်(Jeremy Hunt)က ဇူလိုင် ၂၂ ရက် ဝန်ကြီးများအစည်းအဝေးအပြီးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ဗြိတိန်အလံတင်ထားသည့် ရေနံတင်သင်္ဘောတစ်စီးကို အီရန်က ပြီးခဲ့သောအပတ်တွင် ဟောမုဇ်ရေလက်ကြား၌ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဆိုသည်။

အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC) ၏ ယခင်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင်

အဆိုပါ ဗြိတိန်ရေနံသင်္ဘောသည် ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းစဉ် နိုင်ငံတကာ ပင်လယ်ရေကြောင်းဥပဒေကို လိုက်နာစောင့်ထိန်းမှု မရှိသောကြောင့် ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်သည်ဟု ဆိုသည်။

အချင်းမဖြစ်ပွားမီ ဗြိတိန်ရေနံသင်္ဘောသည် ငါးဖမ်းသင်္ဘောတစ်စီးနှင့် တိုက်မိရာ ငါးဖမ်းသင်္ဘောပျက်စီးခဲ့ကြောင်း ဖားစ် သတင်းအေဂျင်စီက အီရန်ဆိပ်ကမ်းနှင့်ရေကြောင်းအဖွဲ့အစည်းများ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။

ယခုလဆန်းပိုင်းက ဂျီဘရော်တာ(Gibraltar)တွင် အီရန်၏ Grace 1 ရေနံတင် သင်္ဘောကို ဗြိတိန်က ထိန်းသိမ်းခဲ့သည်။ အီးယူက ဆီးရီးယားနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုအား ချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံသို့ ရေနံစိမ်းတင်ပို့ြ့ခင်းကြောင့် ၎င်းသင်္ဘောအား ထိန်းသိမ်းရခြင်းဖြစ်ကြောင်း ဆိုသည်။ အီရန်က ဗြိတိန်၏အပြစ်တင်ပြောဆိုချက်ကို ငြင်းဆိုထားရာ ဖမ်းဆီးထိန်းသိမ်းထားသည့် ရေနံတင်သင်္ဘောကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် အန္တရာယ်များသည့် ကစားပွဲကို ဗြိတိန်က မဆင်နွှဲရန် သတိပေးပြောဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117