Connect with us

Asia

လာအိုနိုင်ငံအနောက်ပိုင်း၌ အာဖရိကန်ဝက်တုတ်ကွေး ကူးစက်ခံနေရ

ဝက်တုတ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖြန်းနေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ အနောက်ပိုင်း Phongsaly ပြည်နယ်တွင် အာဖရိကန်ဝက်တုတ်ကွေးရောဂါ ကူးစက်နေကြောင်း Vientiane Times နေ့စဉ်သတင်းစာက ယနေ့(ဇူလိုင် ၂၃ ရက်)တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ ဗိုင်းရပ်စ်ပိုးကို ဗီယင်ကျန်းမြို့တော်မှ အရှေ့တောင်ဘက် ၆၇ဝ ကီလိုမီတာအကွာ လာအိုနိုင်ငံတောင်ပိုင်း Salavan ပြည်နယ်၌ ပထမဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ ထို့နောက်တွင် ဗီယင်ကျန်းမြို့အစိတ်အပိုင်းအချို့နှင့် ယင်းမြို့၏ အရှေ့ဘက် ၄၁ဝ ကီလိုမီတာအကွာရှိ Savannakhet ပြည်နယ်များသို့ပြန့်နှံ့ခဲ့ကြောင်း သိရသည်။

ဗီယင်ကျန်းမြို့မှ မြောက်ဘက် ၇၃၂ ကီလိုမီတာအကွာရှိ လာအိုနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး Phongsaly ပြည်နယ်အတွင်း ခရိုင်နှစ်ခုတွင် ရောဂါပြန့်ပွားလျက်ရှိရာ ဝက်အကောင်ရေ ၃၃၈ ကောင်ထိ သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၁ ရက်တွင် လာအိုနိုင်ငံစိုက်ပျိုးရေး နှင့် သစ်တောရုံးမှ ဝန်ထမ်းများက အချင်းဖြစ်နေရာအား စစ်ဆေးခဲ့ကြောင်း နှင့် Phongsaly ပြည်နယ် Khua ခရိုင်အတွင်းရှိ ကျေးရွာ ၂ ခုတွင် အာဖရိကန်ဝက်တုတ်ကွေးများ ပြန့်နှံ့နေကြောင်း အတည်ပြုခဲ့သည်။

မိသားစုပေါင်း ၃၅ ခုမှ မွေးမြူထားသော ဝက်များ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုအခါ တာဝန်ရှိသူများက ဝက်သေများကို မြေမြှုပ်ရန် ကူညီဆောင်ရွက်ပေးနေပြီး ရောဂါပိုးကူးစက်ပြန့်ပွားခြင်းမရှိအောင် ဆေးဖြန်း ကာကွယ်ရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

တာဝန်ရှိသူများအနေဖြင့် Bounneua ခရိုင်၌လည်း ဗိုင်းရပ်စ်ပိုးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ သို့သော် ဝက်အကောင်ရေမည်မျှ ကူးစက်ခံနေရပြီဆိုသည့် အချက်အလက်များကို မရရှိသေးကြောင်းကို Phongsaly ပြည်နယ် စိုက်ပျိုးရေး နှင့် သစ်တောဌာနမှ အကြီးတန်းအရာရှိ Kham-ard Vannabong ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။

ရောဂါကူးစက်မှုဖြစ်ပွားနေသော ဒေသတွင် ရွာသားများအနေဖြင့် ဝက်များရောင်းဝယ်ဖောက်ကားခြင်း မပြုရန်တားမြစ်ထားသလို သေဆုံးဝက်များကို ချက်ချင်းမြေမြှုပ်သဂြိၤုဟ်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။

ပြည်သူများအနေဖြင့် သေဆုံးဝက်များ၏ ဝက်သားကို စားသောက်ခြင်းမပြုရန် စိုက်ပျိုးရေး နှင့် သစ်တော ရုံးက အကြံပြုထားသည်။

အာဖရိကန်ဝက်တုတ်ကွေးသည် တိရစ္ဆာန်မှ လူသားတို့ကူးစက်နိုင်ခြင်းမရှိသော်လည်း လူအချင်းချင်းကြား ကူးစက်နိုင်သော ရောဂါမျိုးဖြစ်သည်။ ရောဂါကူးစက်ခံရသော ဝက်များ နှင့် တောဝက်များသည် သေဆုံးရန် ရာနှုန်းပြည့် သေချာကြောင်းသိရသည်။ အဆိုပါ ဗိုင်းရပ်စ်ပိုးကို သုတ်သင်ရန် မြင့်မားသောအပူချိန်လိုအပ်ကြောင်း ၊ ယင်းဗိုင်းရပ်စ်များသည် အေးခဲအသားများတွင် သုံးနှစ်ကျော်အထိ ရှင်သန်နိုင်ကြောင်း နှင့် အသားခြောက်များတွင် တစ်နှစ်အထိ အသက်ရှင်နေနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.