မော်စကို ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက လာမည့် ၁၈ – ၁၉ လအတွင်း အိန္ဒိယနိုင်ငံသို့S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်များ ပထမအသုတ်ကို ပေးပို့သွားမည်ဖြစ်ကြောင်း ၊ ယင်းအတွက် အိန္ဒိယက ကြိုတင်ပေးချေငွေ ပေးထားပြီးဖြစ်ကြောင်း ရုရှားမီဒီယာက စက်တင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။
ဂျကာတာ ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Jolo မြို့၌ ဇန်နဝါရီလ ၂၇ ရက်က ဖြစ်ပွားခဲ့သော ခရစ်ယာန် ဘုရားကျောင်း ဗုံးခွဲ တိုက်ခိုက် မှု ကျူးလွန်သူများမှာ အင်ဒိုနီးရှား နိုင်ငံသား စုံတွဲ တစ်တွဲ ဖြစ်ကြောင်း မျိုးရိုးဗီဇ...
အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စက်တင်ဘာ ၇ ရက်က အစ္စလာမ်မာဘတ်တွင် တတိယအကြိမ်မြောက် တရုတ်-အာဖဂန်-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်စဉ် အာဖဂန်နစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Salahuddin Rabbaniနှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရီယာ့ဒ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗျဘုရင် ဆယ်လ်မန်ဘင်အဗ္ဗဒူလာဇဇ်အယ်ဆော့( Salman bin Abdulaziz Al Saud) သည် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးအား ရာထူးမှ ထုတ်ပယ်သည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ယနေ့(စက်တင်ဘာ ၈ ရက်) တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တော မြို့နယ်၌ စက်တင်ဘာ ၆ ရက်တွင် သတင်းအရ ပူးပေါင်း အဖွဲ့များက ဝင်ရောက် ရှာဖွေခဲ့ရာ ဒေသကာလပေါက်ဈေး ငွေကျပ် ၉,ဝ၉၃.၄ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီး...