Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ အရှေ့ဘက်ရေပိုင်နက်အား ကျူးကျော်လာသည့် ရုရှားစစ်လေယာဉ်အား သတိပေးပစ်ခတ်ခဲ့

တောင်ကိုရီးယားနိုင်ငံရှိ F-15K တိုက်လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းရေပိုင်နက်အပေါ်သို့ ကျူးကျော်ပျံသန်းလာသည့် ရုရှားစစ်လေယာဉ်တစ်စင်းအား တောင်ကိုရီးယား တိုက်လေယာဉ်များက ဇူလိုင်လ ၂၃ ရက်က သတိပေးပစ်ခတ်ခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ် (JCS) က ပြောကြားချက်အား ကိုးကား၍ မီဒီယာများက သတင်းဖော်ပြထားသည်။

အဆိုပါ ရုရှားတိုက်လေယာဉ်က တောင်ကိုရီးယားနိုင်ငံပိုင်နက် အရှေ့ဘက်စွန်းရှိ ဒေါ့ဒိုကျွန်းငယ်များအနီး ဝေဟင်ပေါ်တွင် ဇူလိုင်လ ၂၃ ရက် အစောပိုင်းက ကျူးကျော်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ လေပိုင်နက်သို့ ရုရှားစစ်လေယာဉ် ကျူးကျော်ဝင်ရောက်လာခြင်းမှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

ရုရှားတိုက်လေယာဉ်သည် တောင်ကိုရီးယား လေပိုင်နက်အတွင်း ဒေသစံတော်ချိန် နံနက် ၉း၀၉ နာရီမှ ၉း၃၃ နာရီအကြား ကြာချိန် ၃ မိနစ်ဖြင့် နှစ်ကြိမ် ပျံသန်းခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားလေတပ်က F-15K နှင့် KF-16 ကဲ့သို့ တိုက်လေယာဉ်များအရေးပေါ်ပျံတက်ကာ ရုရှားလေယာဉ်အား သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)