ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း ဦးဆောင်သည့်အဖွဲ့က လူမှုကွန်ရက်တွင် အမည်ထွက်နေသောဆေးခန်း၂ခုဖြစ်သည့် လူထုမေတ္တာ(မရမ်းကုန်း)နှင့် ရောင်နီဦးဆေးခန်းတို့အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်သည်။
အဘူဂျာ၊ မတ် ၂၂ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Dapchi မြို့ရှိ ကောလိပ်တစ်ခုမှ ပြီးခဲ့သည့်လက ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့၏ ပြန်ပေးဆွဲခြင်းခံထားရသော ကျောင်းသူ ၁၀၄ ဦးကို မတ်လ ၂၁ ရက်တွင် ဘိုကိုဟာရမ် အဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဋ္ဌာနဆိုင်ရာဝန်ကြီး တစ်ဦးက ပြောကြားခဲ့သည်။
စိန့်ပီတာဘာ့ခ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြောက်ပိုင်း Komi ဒေသတွင် သဘာဝဓါတ်ငွေ့ ပမာဏ ၁၀.၃၁၉ဘီလီယံ ကုဗမီတာ ရှိသော Levogrubeyuskoye ဓါတ်ငွေ့သိုက်သစ်တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ ၊ မတ်လ ၂၂ ရက်(ဆင်ဟွာ) လူ ၅ ဦး တင်ဆောင်လာသော ရဟတ်ယာဉ် တစ်စီး မတ်လ ၂၁ရက်နေ့ညနေက သြစတြေးလျ ကွင်းစ်လန်ပြည်နယ်ရှိ Hardy Reefတွင် ပျက်ကျခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သြစတြေးလျရဲတပ်ဖွဲ့၏ သတင်းများအရ...
လီမာ၊ မတ် ၂၂ (ဆင်ဟွာ) ပီရူးနိုင်ငံ သမ္မတ Pedro Pablo Kuczynski သည် ၎င်းအား လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ပြီး ရာထူးမှ ဆင်းပေးရန် မဲခွဲဆုံးဖြတ်မှုအရ ရာထူးမှနုတ်ထွက်ကြောင်း မတ်လ ၂၁ ရက်က ရုပ်မြင်သံကြား မိန့်ခွန်းမှတစ်ဆင့် နိုင်ငံသို့ ကြေညာခဲ့သည်။