Connect with us

Education & Health

ရာသီတုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၅၄ ဦး ရှိကာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း H1N1ရောဂါပိုးကြောင့် သေဆုံးမှုများကြောင့် mask ဖြင့် သွားလာ နေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ် အလိုက် ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် သေဆုံးသူမှာ ၅၄ ဦးထိ ရှိလာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး အဖြစ် ၄၃ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဇူလိုင် ၁၅ ရက် အထိ ထုတ်ပြန်မှု အရ သိရသည်။

ရာသီတုပ်ကွေးရောဂါ (A(H1N1)pdm 09) ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၄၃ ဦး ၊ ဧရာဝတီ တိုင်းဒေသကြီး တွင် ၄ ဦး ၊ ပဲခူးတိုင်းဒေသကြီးတွင် ၂ ဦး ၊ မကွေးတိုင်းဒေသကြီးတွင် ၁ ဦး ၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ ဦး နှင့် မွန်ပြည်နယ်တွင် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင် ၁၅ ရက် အထိတွင် ဓာတ်ခွဲ စစ်ဆေးသူ ၆၇၁ ဦး ၊ ဓာတ်ခွဲ အတည်ပြု ဖြစ်ပွားသူ ဦးရေ ၂၇၄ ဦး ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်သော စာရင်းဇယားများ အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုးစစ်ဆေးသူ ၁၁၆၅ ဦးအနက် ၄၅၈ ဦး တုပ်ကွေးပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၄၀၆ ဦးတွင် A H1N1 pdm09 ပိုးတွေ့ရှိရာ သေဆုံးသူ ၃၈ ဦး ရှိခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ်အတွင်း တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၃၆၇ ဦးအနက် ၁၁၈ဦး တုပ်ကွေးပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ၁၃ဦးသည် A H1N1 pdm09 ပိုးတွေ့ရှိရာ သေဆုံးသူမရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ထားမှု အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.