ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်းဆောင်ရွက်သူများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင် မှုများ ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စအားကြိုဆိုပါကြောင်း၊ အင်ပို့လုပ်ငန်းကိုပါ ခွင့်ပြုရန် ဆက်လက်တောင်းဆို သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ယနေ့ ဆင်ဟွာကို ပြောသည်။
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ က ဒီဇင်ဘာ ၁၁ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည့် “၂၀၁၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အခြေအနေ နှင့် အလားအလာ” အစီရင်ခံစာ တွင် ၂၀၁၇ ခုနှစ်၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှုန်းမှာ...
ကိဗ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ ဥပဒေရေးရာ အကြီးအကဲများသည် ဒီဇင်ဘာလ ၁၁ ရက်က တွေ့ဆုံကာ MH17 လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ ရန်ရှန်းဆိပ်ကမ်းတွင် ကမ္ဘာ့အကြီးဆုံးအလိုအလျောက်သယ်ဆောင်သည့် ကုန်သေတ္တာဆိပ်ကမ်းကို အသုံးပြုလျက်ရှိကြောင်းသိရသည်။ ၎င်းမှာ ပေ ၂ဝ ရှိကုန်သေတ္တာအလုံးရေပေါင်း ၆.၃ မီလီယံ ဆန့် ဆိပ်ကမ်းအဖြစ် ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ အဆိုပါ ကုန်သေတ္တာတင်ဆိပ်ကမ်းသုံး ပစ္စည်းများ အားလုံးကို တရုတ်ပြည်တွင်းဖြစ်ပစ္စည်းများဖြင့်ထုတ်လုပ်တပ်ဆင်ထားခြင်း ဖြစ်ကြောင်းသိရသည်။(Xinhua)