Connect with us

Eastern Europe

ရုရှားနိုင်ငံ Irkutsk Oblast ပြည်နယ်တွင် ရေဘေးကြောင့် လူ ၅ ဦးသေဆုံး

ရုရှားနိုင်ငံတွင် ရေကြီးရေလျှံဖြစ်ပွားနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ ဇွန် ၃၀ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ Irkutsk Oblast ပြည်နယ်တွင် ရေဘေးကြောင့် လူ ၅ ဦးသေဆုံးပြီး လူ ၂ ဦးပျောက်ဆုံးကာ အခြားလူ ၃၅၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရုရှား အရေးပေါ်အခြေအနေ ထိန်းချုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး Yevgeny Zinichev က ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယခုဖြစ်ပွားသည့် ရေကြီးရေလျှံမှုတွင် တံတား ၁၃ စင်း ပျက်စီးခဲ့သလို လမ်းအချို့ ဆက်သွယ်သွားလာရေး ပြတ်တောက်ခဲ့ကြောင်း၊ လျှပ်စစ်အန္တရာယ်ဖြစ်ပွားမည်ကိုကြိုတင်ကာကွယ်သည့်အနေဖြင့် သက်ဆိုင်ရာ ဌာနများက လူနေထိုင်ရာနေရာ ၂၀ ကျော်ကို လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ကြောင်း Yevgeny Zinichevက ယင်းနေ့တွင် Irkutsk Oblast ပြည်နယ် Bratskလေဆိပ်၌ သမ္မတ ပူတင်အား ရေဘေးအခြေအနေနှင့်ပတ်သတ်၍ အစီရင်ခံရာတွင် ပြောကြားခဲ့သည်ဟု TASS ရုရှား သတင်းအေဂျင်စီ၏ သတင်းများအရသိရသည်။

သမ္မတ ပူတင်သည် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပသည့် G20ထိပ်သီးအစည်းအဝေးအပြီး ရုရှားနိုင်ငံ ရေဘေးသင့်နေရာကို တိုက်ရိုက်သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေဘေးကယ်ဆယ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်ရန် ဒုတိယသမ္မတ Vitaly Mutkoဦးဆောင်ပြီး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ပူတင်က ဆိုသည်။ ဒေသခံအစိုးရကို ရေဘေးသင့်ပြည်သူများအား ဆေးဝါးကုသမှုအကူအညီများပေးရန်၊သောက်သုံးရေနှင့် စားစရာ လုံလောက်မှုရှိစေဖို့ ဆောင်ရွက်ရန်နှင့် စာသင်ကျောင်းများ စက်တင်ဘာလတွင် အချိန်မှန် ဖွင့်နိုင်ဖို့ ပျက်စီးဆုံးရှုံးမှုများကို တွက်ချက်ပြီး စွမ်းအင်၊ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ဆေးဝါးကုသရေးဆိုင်ရာ အခြေခံအဆောက်အဦးများကို ပြန်လည်ကောင်းမွန်အောင် အမြန်ဆုံးဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

နေ့စဉ်ရက်ဆက်မိုးရွာသွန်းမှုကြောင့် Irkutsk Oblastပြည်နယ်တွင် ယခုရက်များအတွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိရာ နေရာဒေသအများအပြားတွင် အရေးပေါ်အခြေအနေရှိနေကြောင်း သိရသည်။ ရေဘေးကြောင့် ယင်းပြည်နယ်ရှိ နေရာ ၄၁ ခုတွင် အများသုံးအခြေခံအဆောက်အဦပစ္စည်းများ နှင့် လူနေအိမ်ခြေ ၄၀၀၀ကျော် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.