Connect with us

Politics, Law & Military

တပ်မတော်အနေဖြင့် စစ်တိုင်းကြီး ၅ခုတွင် စစ်ရေးလှုပ်ရှားမှုအား ၂ လတိုးမြှင့်ရပ်ဆိုင်း

တပ်မတော် စစ်ရေးလှုပ်ရှားမှုအား ၂ လတိုးမြှင့်ရပ်ဆိုင်းမှု ကြေညာချက်အားတွေ့ရစဉ်(တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် စစ်တိုင်းကြီး ၅ခုတွင် စစ်ရေးလှုပ်ရှားမှုအား ၂ လတိုးမြှင့်ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးအား ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ရက်မှ သြဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းပေးလိုက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်တိုင်းကြီး ၅ ခုတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ၁ ကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၁ ကြိမ် ရပ်ဆိုင်းပေးခဲ့ကြောင်း သိရသည်

ယင်းကဲ့သို့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ရပ်ဆိုင်းပေးထားသည့်ကာလအတွင်း၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းကဲ့သို့ အခြေအနေ မျိုးတွင် တပ်မတော်အနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းရေးအပေါ်မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အား ယုံကြည်မှုအပြည့်ဖြင့် ယခုထက် ပိုမိုဆက်လက်ဆောင်ရွက်နိုင်ရေး ရည်ရွယ်လျက် အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.