Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မောင်တောမြို့၌ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျပ်သိန်း ၂၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

တပ်မတော်သားများသည် မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း ဇွန် ၂၉ ရက် ညနေပိုင်းက လုံခြုံရေး ဆောင်ရွက်နေစဉ် ဦးစောလှကျွန်းနှင့် ဦးရှည်ကျချောင်းဝအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လှော်ခတ်နေသည့် လက်ခတ်လှေတစ်စီးအား တွေ့ရှိ၍ မီးအချက်ပြခေါ်ယူစဉ် ယင်းလေပေါ် လိုက်ပါလာသူများသည် ဦးရှည်ကျချောင်းဝကမ်းပေါ်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါလှေအားစစ်ဆေးရာ လှေပေါ်ရှိ ဆာလာအိတ်အတွင်းမှ ဖယောင်းစက္ကူများဖြင့်ထုပ် ထားသည့် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁၁၇,၂၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂,၃၄၄ သိန်း) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ငါးခူရနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.