ရန်ကုန် ၊ မတ် ၆ ရက်(ဆင်ဟွာ) နေပြည်တော် ကောင်စီ နယ်မြေ အတွင်း ယခုဘဏ္ဍာရေးနှစ် အတွင်း ပြည်ထောင်စုအရေးပေါ်ရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ် ရေး လုပ်ငန်းခြောက်ခုကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
မနီလာ ၊ မတ် ၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဗူးမြို့တွင် ယနေ့မတ်လ ၆ ရက် နံနက်အစောပိုင်းတွင် ဆောက်လက်စ လေးထပ်တိုက် အဆောက်အအုံတန်းလျား တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၅ ဦးသေဆုံးပြီး အခြား ၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဘေးအန္တရာယ်ကယ်ဆယ်ရေး အရာရှိများက ဆိုသည်။
ပြုံယန်း၊ မတ် ၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်သည် တောင်ကိုရီးယားနိုင်ငံ သံတမန်နှင့် တွေ့ဆုံရာတွင် ထိပ်သီးအစည်းအဝေး တစ်ရပ် ကျင်းပရန် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကျေနပ်လောက်သော သဘောတူညီမှု ရရှိခဲ့ကြောင်း Korean Central News Agency က မတ်လ ၆...
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် ဖူဆယ်အလွတ်တန်းပြိုင်ပွဲ MFF Futsal Open Cup 2018 အားယနေ့မနက် ၈း၃၀ နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် ထန်းချောင်းကျေးရွာအနီး အမ်း- မအီ ကားလမ်းမိုင်တိုင် (၅/၂)အနီး၌ မတ်လ ၄ရက်က ခရီးသည်တင်ယာဉ် တစ်စီး ချောက်ထဲပြုတ်ကျမှုကြောင့် ၄ဦးသေဆုံးပြီး ၃၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။