လာဂို့စ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် ရှိ ဈေးတစ်ခုတွင် ဖေဖော်ဝါရီ ၁၆ ရက် က အသေခံဗုံးခွဲသမား ၃ဦး၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၂ဦးသေဆုံးခဲ့ပြီး ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာနဖြစ်သည့် News Agency...
မက္ကဆီကို စီးတီး၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ တောင်ပိုင်းတွင် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် စစ်ဘက်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လူ ၁၃ဦးသေဆုံးခဲ့ကြောင်း Oaxaca ပြည်နယ် အစိုးရရှေ့နေများက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း ၉ဝဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ တွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) သီလဝါအထူးစီးပွားရေးဇုန် အပိုင်း-ခ ပထမအဆင့် ဟတ်တာ ၁ဝ၁ (ဧက ၂၅ဝ) တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံ သူများ၏ မြေငှားရမ်းမှု ၅ဝ ရာခိုင်နှုန်းအထိ ရှိကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရ သည်။
ပါရီ၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း Dieppe မြို့ ရှိ စက်ရုံတစ်ရုံတွင် ဖေဖော်ဝါရီ ၁၇ရက် က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။