Connect with us

Asia

အိန္ဒိယနိုင်ငံ ဥတာပရာဒတ်ရှ်ပြည်နယ်တွင် သဲမုန်တိုင်းကြောင့် လူ ၁၃ ဦးသေဆုံး


နယူးဒေလီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် သဲမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ယင်းပြည်နယ်ရှိ ဆဒ်ဒါသာနာဂါခရိုင်မှ လူ ၄ ဦး၊ ဒီရိုရီယာခရိုင်မှ ၃ ဦး၊ ဘော်လီယာခရိုင်မှ ၂ ဦးနှင့် လာခင်မိပူရ် ခီရီခရိုင်၊ ဆွန်ဘာဒရာခရိုင်နှင့် အယုဒ္ဓယခရိုင်များမှ ၁ ဦးစီ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူက ဆိုသည်။

ထို့ပြင် အဆိုပါပြည်နယ်၌ သဲမုန်တိုင်းကြောင့်ပင် လူ ၁ ဦးဒဏ်ရာရရှိခဲ့ပြီး တိရစ္ဆာန် ၂၂ ကောင်ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဥတာပရာဒတ်ရှ်ပြည်နယ်တွင် သဲမုန်တိုင်းတိုက်ခတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပြီးခဲ့သည့်သီတင်းပတ်က ဥတာပရာဒတ်ရှ်ပြည်နယ်ရှိ နေရာများစွာ၌ ပြင်းထန်သော သဲမုန်တိုင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်မှုကြောင့် လူ ၂၆ ဦးခန့် သေဆုံးခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.