Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံ ဆက်ဆံရေးဖွံ့ဖြိုးရန်နှစ်ဖက်လိုလား


ဒူရှန်းဘီ ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တာဂျစ်ကစ္စတန်နိုင်ငံ၊ဒူရှန်းဘီမြို့တွင်ကျင်းပမည့် Conference on Interaction and Confidence Building Measures in Asia (CICA) ပဉ္စမအကြိမ် မြောက် ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့်ချစ်ကြည်ရေးခရီးလည်ပတ်ရန်တို့အတွက် တာဂျစ် ကစ္စတန် နိုင်ငံသို့ဇွန်လ ၁၄ ရက်ကရောက်ရှိလာကြောင်းသိရသည်။

သမ္မတ ရှီကျင့်ဖိန်အား တာဂျစ်ကစ္စတန်နိုင်ငံသမ္မတ အီမိုမာလီ ရာမွန်က ဒူရှန်းဘီမြို့လေဆိပ်တွင်ရင်း နှီးစွာကြိုဆိုနှုတ်ဆက်ခဲ့ကာ သမ္မတနှစ်ဦးရင်းနှီးချစ်ကြည်စွာတွေ့ဆုံစကားပြောခဲ့ကြသည်။

သမ္မတ ရှီကျင့်ဖိန် ကတရုတ်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံ တို့သည်အိမ်နီးချင်းများ၊မိတ်ဆွေများနှင်ညီ နောင်များ ဖြစ်ကြသည့်အားလျော်စွာ လွန်ခဲ့သည့် ၂၇ နှစ်ကနှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့ ကြသည့်အချိန်မှစ၍ ခိုင်မာသည့်ပုံမှန်ဆက်ဆံရေးရှိခဲ့ကြကြောင်းပြောခဲ့သည်။ထို့ပြင် ရှီက ၎င်းနှင့်တာ ဂျစ်ကစ္စတန် သမ္မတ ရာမွန်တို့နှစ်ဦးက တရုတ်နိုင်ငံနှင့်တာဂျစ်ကစ္စတန်နိုင်ငံတို့ ပြည့်စုံသည့် မ ဟာဗျူ ဟာမြောက်လက်တွဲဖက်များ အဖြစ်ထူထောင်ရန် ၂၀၁၇ ုနှစ်ကဆုံးဖြတ်ခဲ့ကြကြောင်း၊ ယင်းကနှစ်နိုင်ငံ ဆက်ဆံရေးလျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန်အဆင့်သစ်တစ်ရပ်ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန် အား တာဂျစ်ကစ္စတန်နိုင်ငံသမ္မတ အီမိုမာလီ ရာမွန်က ဒူရှန်းဘီမြို့လေဆိပ်တွင် ဇွန်လ ၁၄ ရက်ကရင်းနှီးစွာကြိုဆိုနှုတ်ဆက်စဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ ရှီကျင့်ဖိန် အား တာဂျစ်ကစ္စတန်နိုင်ငံသမ္မတ အီမိုမာလီ ရာမွန်က ဒူရှန်းဘီမြို့လေဆိပ်တွင် ဇွန်လ ၁၄ ရက်ကရင်းနှီးစွာကြိုဆိုနှုတ်ဆက်စဉ် (ဆင်ဟွာ)

သမ္မတရှီ က တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံစလုံး၏ပြည်သူများအတွက်ပိုမိုအကျိုးရှိစေရန် နယ်ပယ်မျိုး စုံ၌ နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုအားမြှင့်တင်သွားရန် တာဂျစ်ကစ္စတန်နိုင်ငံ နှင့် လက်တွဲဆောင်ရွက်သွားရန်လိုလားပါကြောင်းလည်းပြောကြားခဲ့သည်။

ဆက်လက်၍သမ္မတရှီ က ဒူရှန်းဘီမြို့တွင်ကျင်းပမည့်ထိပ်သီးအစည်းအဝေး က CICA ဖွံ့ဖြိုးတိုးတက် မှုအတွက် ကြီးမားသောထူးခြားမှုကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ယခုထိပ်သီးအစည်းအဝေးတွင်အနာ ဂတ်ဖွံ့ဖြိုးတိုးတက်မှုယန္တရားနှင့်ပူးပေါင်းဆောင်ရွက်မှုအတွက်ဦးစားပေးရမည့်အချက်များကိုဆွေးနွေး ကြမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန် သမ္မတ ရာမွန်က တာဂျစ်ကစ္စတန်နိုင်ငံသို့ သမ္မတရှီ လွန်ခဲ့သောငါးနှစ်ကလာရောက် လည်ပတ်ခဲ့မှုအား ပြန်လည်ပြောကြားရင်း သမ္မတရှီ၏ ချစ်ကြည်ရေးခရီးနှင့် CICA ထိပ်သီးအစည်းအ ဝေးတွင်ပူးပေါင်းပါဝင်မှုတို့အား ကြိုဆိုပါကြောင်းဖြင့်ပြောကြားခဲ့သည်။၎င်းက ချစ်ကြည်ရေးခရီးအပြည့် အဝအောင်မြင်ရန်နှင့်ပိုမိုကောင်းမွန်၍ဖွံ့ဖြိုးမှုလျင်မြန်သည့်ဆက်ဆံရေးများရရှိရန်လိုလားကြောင်းဖြင့် လည်း ပြန်လည်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.