ပေကျင်း၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) အမှိုက်များကို အမျိုးအစားခွဲကာစနစ်တကျစွန့်ပစ်ရန်လိုအပ်ပြီး ပြန်လည် အသုံးပြုနိုင်သည့်အမှိုက်များကို အသုံးပြုခြင်းအားဖြင့် မိမိတို့၏သဘာဝပတ်ဝန်းကျင်ကိုတစ်ဖက်တစ်လမ်းမှ ကာကွယ်ရန် အသိပညာပေး ရိုက်ကူးထားသည့် video တွင် ချစ်စဖွယ်ကလေးငယ်များကလည်းပါဝင်ပုံဖော်ထားရာ ဆင်ဟွာသတင်းဋ္ဌာနမှ ယခုကဲ့သို့တင်ဆက်လိုက်ပါသည်။(Xinhua)
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပဒူကောင်များ ကိုက်မိ၍ အမျိုးသမီး တစ်ဦး သေဆုံး သွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် ဇွန် ၉ ရက် ညပိုင်းတွင် ကျပ်သိန်း ၁၃၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘန်ဒါဆာရီဘာဂါဝန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ဘရူနိုင်းနိုင်ငံတွင် ဘုရင့်နန်းတော်ဖွင့်ပွဲ(Hari Raya)ပွဲတော်ကာလအတွင်း Istana Nurul Iman တော်ဝင် နန်းတော် သို့လာရောက်လည်ပတ်သူ တစ်သိန်းကျော် ရှိကြောင်း သိရသည်။
တိုကျို၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) G20 ကုန်သွယ်ရေးနှင့် ဒီဂျစ်တယ် စီးပွားရေး ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပခဲ့ပြီး ဇွန် ၉ ရက်တွင် ပိတ်ပွဲအခမ်းအနားကို ဂျပန်နိုင်ငံ Ibaraki စီရင်စု Tsukubaမြို့တွင် ကျင်းပခဲ့ ကြောင်း သိရသည်။