Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပဒူကောင်များ ကိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး

ပဒူအုံအား တာဝန်ရှိသူများက ရှင်းလင်း ဆောင်ရွက်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်)

ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပဒူကောင်များ ကိုက်မိ၍ အမျိုးသမီး တစ်ဦး သေဆုံး သွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

အဆိုပါ သေဆုံးသွားခဲ့သော အမျိုးသမီးမှာ ဇွန် ၈ ရက်တွင် မြခင်းသာလမ်းနှင့် ဦးကြင်ဥလမ်းထောင့်သို့ ဖြတ်သွားစဉ် ကလေးများမှ လမ်းထောင့်ရှိ ကုက္ကိုလ်ပင်အခေါင်းအတွင်းရှိ ပဒူအုံအား ခဲဖြင့် ပစ်ပေါက်ထွက် ပြေးစဉ် လမ်းလျှောက် လာသော ယင်းအမျိုးသမီး နှင့် ကလေးတစ်ဦးအား ကိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသမီးမှာ မျက်နှာနှင့် ခြေထောက်တို့တွင် ပဒူကောင်များ အကိုက်ခံရပြီးနောက် ဇွန် ၉ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပဒူအုံအား မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် ရပ်ကွက်နေ ပြည်သူများမှ ညတွင်းချင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.