ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဗုဒ္ဓ အသင်း ပေကျင်းမြို့ လင်ကွမ်း ကျောင်းတိုက် ဆရာတော်၏ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံသို့ သြဂုတ် ၂၄ ရက်မှ ၂၉ ရက်ထိ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နိုင်ငံတော် သံဃမဟာ...
မော်စကို၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဘဏ်တစ်ခု၌ ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ပြန်ပေးဆွဲမှုတရားခံ လက်နက်ချအညံ့ခံခဲ့၍ ဘဏ်အတွင်းမှ ဓါးစာခံလေးဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ပြည်တွင်းမီဒီယာ များ က သြဂုတ် ၂၄ တွင်ဖော်ပြခဲ့သည်။
အမတ်ထရစ္စ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၄၇ ဦးအထိ ရှိလာကြောင်းနှင့် ကယ်ဆယ်ရေးသမားများလည်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။
မဲလ်ဘုန်း ၊ သြဂုတ်လ ၂၅ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံရှိ ရွှေရှာသူတစ်ဦးသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၉ဝ,ဝဝဝ တန်ဖိုးရှိ ၊ အလေးချိန် ၁၄၅ အောင်စ ရှိသော ရွှေတုံးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ) ရန်ကုန် စတော့ အိတ်ချိန်း(YSX)တွင် တတိယမြောက် စာရင်းဝင် ကုမ္ပဏီ ဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ် (MCB)၏ အစုရှယ်ယာများအား ကြမ်းခင်းဈေး အနေဖြင့် ရှယ်ယာ တစ်စုလျှင် ၆၈၀၀ ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း YSX မှ သိရသည်။