ဘိုဂိုတာ ၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံအရှေ့မြောက်ပိုင်း Arauca ဒေသ၌ စစ်တပ်ကင်းလှည့်မှုတစ်ခုပြုလုပ်စဉ် ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးစစ်သား ၂ ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုလံဘီယာစစ်တပ်၏ ဇွန် ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဇွန် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေးထံသို့ တရုတ်-ဖိလစ်ပိုင် သံတမန်အဆက်အသွယ်ထားရှိသည့် (၄၄)နှစ်ပြည့်အထိမ်းအမှတ်နှင့် ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးရရှိသည့် (၁၂၁) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဇွန် ၉ ရက်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း၌ ဇွန် ၈ ရက် ညနေပိုင်းတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ) အနောက်တောင်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ Kampong Speuပြည်နယ်တွင် ဇွန် ၈ ရက် ညနေပိုင်းက ယာဉ်တစ်စီးတိုက်မှုဖြစ်ပွားပြီး လူ ၄ဦး ဒဏ်ရာရရှိကာ ၁၀ ဦးအနည်းဆုံးသေဆုံးခဲ့ကြောင်း အကြီးတန်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားသည်။