ကဘူးလ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း တာကာပြည်နယ် အခြေစိုက်ပြည်တွင်းအသံလွှင့်ရုံတစ်ခုဖြစ်သည့် Radio Hamsada မှ ဝန်ထမ်း ၂ဦး ကို အမည်မသိ သေနတ်သမား ၂ဦးက ၎င်းတို့၏ ရုံးခန်းအတွင်း၌ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း အာဖဂန်သတင်းထောက်များဘေးကင်းလုံခြုံရေးကော်မတီ (AJSC) ထုတ်ပြန်ခဲ့သည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ Stafford မြို့ တွင် ဖေဖော်ဝါရီ ၅ ရက် အစောပိုင်းက နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ရာ ကလေးငယ် ၄ဦးသေဆုံးခဲ့ပြီး အရွယ်ရောက်ပြီးသူ ၂ဦးနှင့် ငါးယောက်မြောက် ကလေးငယ် တစ်ဦးတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) စည်းကမ်းညီညွတ်မှု မရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက ၁၄ သိန်းကျော်အား လုပ်ပိုင်ခွင့် ပြန်လည် သိမ်းဆည်းခဲ့ပြီး ဖြစ်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ သိရသည်။
အစ္စလာမ်ဘတ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မြို့အပါအဝင် အခြားအစိတ်အပိုင်းများတွင် ဖေဖော်ဝါရီ ၅ ရက် ညပိုင်းက အင်အား ၅.၆ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အမျိုးသားငလျင်ဆိုင်ရာစောင့်ကြည့်ရေးစင်တာကပြောကြားခဲ့သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် ၎င်း၏ Kalibr တာဝေးပစ်ဒုံးကျည်များ နှင့် တာဝေးပစ် အသံထက်မြန်သော ဒုံးကျည်များအတွက် မြေပြင်အခြေစိုက် ပစ်စင်များ၏ ပစ်ခတ်နိုင်သော အကွာအဝေးပိုမို လာစေရန် ပစ်ခတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Sergei Shoigu က ဖေဖော်ဝါရီ ၅...