Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌အင်အား ရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ ၌ အင်အား ရစ်(ခ်)တာစကေး (၄.၄) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားခဲ့ပြီး၊ အဆိုပါငလျင် နှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကောလင်းမြို့ ၊ ဝန်းသိုမြို့ နှင့် ကသာမြို့တို့တွင် ငလျင်လှုပ်ရှားမှုကို ခံစားမိခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလင်းကျော်က ဆင်ဟွာကို ယနေ့ပြောကြားသည်။

အဆိုပါငလျင်သည် ဧပြီလ ၂၇ ရက် မြန်မာစံတော်ချိန် ည(၂၃)နာရီ (၁၇)မိနစ် (၅၅) စက္ကန့်အချိန်တွင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းလင်းကျော်က “ဒီငလျင်က ကောလင်းမြို့ရဲ့ အရှေ့မြောက်ဘက် (၆) မိုင်ခန့် အကွာ မှာ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီးလှုပ်ရှားခဲ့တာပါ။ ငလျင်က အနက်တိမ်တဲ့ အတွက် ငလျင်လှုပ်ရှားမှုကို လူတွေခံစားမိကြတာပါ။ ပျက်ဆီးဆုံးရှုံးမှုကတော့ ရှိတယ်လို့သတင်းမတက်ပါဘူး’’ ဟုပြောသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117