Connect with us

Europe

ယူကရိန်းအရှေ့ပိုင်းတွင် မိုင်းတွင်းပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၄ဦးသေဆုံး

ယူကရိန်းအရှေ့ပိုင်းရှိ မိုင်းတွင်းပြိုကျရာသို့ ကယ်ဆယ်ရေးတပ်ဖွဲ့များရောက်ရှိလာစဉ် (ဆင်ဟွာ)

ကိဗ်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Luhansk ဒေသ ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းက ထိန်းချုပ်ထားသော ဧရိယာတွင် ဧပြီ ၂၆ရက်က ကျောက်မီးသွေးတွင်း မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၁၄ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတစ်ဦးက ဧပြီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ Donetsk နှင့် Lugansk ဒေသများ၏ ကိုယ်စားလှယ်ဖြစ်သူ Pavlo Lysyanskyi က မိုင်းလုပ်သား ၁၃ဦး၏ ရုပ်အလောင်းများကို မြေပြင်ပေါ်သို့ ဆွဲတင်ပြီးဖြစ်ကာ အခြား မိုင်းလုပ်သားတစ်ဦး၏ ရုပ်အလောင်းမှာမူ မိုင်းတွင်းအထဲ၌ ပိတ်ပိနေဆဲဖြစ်ကြောင်း Facebook စာမျက်နှာပေါ်၌ ရေးသားခဲ့သည်။

အဆိုပါနေ့အစောပိုင်းတွင် Lysyanskyi က “Skid-Carbon” မိုင်းတွင် မီသိန်းဓါတ်ငွေ့များ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းသည် ဘေးကင်းလုံခြုံရေးစည်းကမ်းများကို ဖောက်ဖျက်ခဲ့၍ဖြစ်ကြောင်း 112 ပြည်တွင်းရုပ်သံလိုင်း သို့ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံရှိ မိုင်းတွင်းများသည် ၎င်းတို့၏ ခေတ်နောက်ကျနေသော စက်ကိရိယာများ နှင့် မီသိန်းဓါတ်ငွေ့ပါဝင်မှု မြင့်တက်နေမှုကြောင့် ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးမိုင်းတွင်းများအနက် တစ်ခုအဖြစ် ပါဝင်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117