Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် အီတလီဝန်ကြီးချုပ်တု့ိ တွေ့ဆုံ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အီတလီဝန်ကြီးချုပ် Giuseppe Conte (ဝဲ) တို့ ဧပြီ ၂၇ ရက်က ပေကျင်း၌တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ပေကျင်းမြို့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက်လာသော အီတလီဝန်ကြီးချုပ် Giuseppe Conte နှင့် ဧပြီ ၂၇ရက်ကတွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက ခေတ်သစ်ပိုးလမ်းမကြီးအား ချိတ်ဆက်တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာတစ်ရပ် ရေးထိုးခဲ့သော အီတလီနိုင်ငံအား ချီးမွမ်းပြောဆိုခဲ့ပြီး အင်အားကြီး အနောက်နိုင်ငံများအကြား အီတလီနိုင်ငံက ဦးဆောင်နေကြောင်း ပြောကြားခဲသည်။

၎င်းက ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု (BRI) အဆင့်မြှင့်တင်ရာတွင် အီတလီနိုင်ငံ နှင့် လက်တွဲဆောင်ရွက်ရန် အသင့်ဖြစ်နေကြောင်း၊ တရုတ် နှင့် အနောက်နိုင်ငံများအကြား ခေတ်သစ်ပိုးလမ်းမကြီးပူးပေါင်းဆောင်ရွက်မှု ၏ စံပြနှစ်နိုင်ငံ ဆက်ဆံရေးအဖြစ်ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

အီတလီဝန်ကြီးချုပ် Conte က ဖိုရမ်၌ ပြောကြားခဲ့သော ရှီ၏ မိန့်ခွန်းများသည် ကမ္ဘာကြီးအတွက် BRI ၏ ထင်ရှားသော အကျိုးရလဒ်များကို နိုင်ငံတကာအသိုင်းအဝိုင်းမှ နားလည်သဘောပေါက်ရန် ကူညီပေးကြောင်းပြောကြားခဲ့သည်။

၎င်းက အီတလီနိုင်ငံအနေဖြင့် BRI တွင် ပါဝင်သွားရန် အခိုင်အမာပြောဆိုခဲ့ပြီး BRI သည် ကမ္ဘာကြီးအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကာ နိုင်ငံများပိုမိုပါဝင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီတလီနိုင်ငံသည် တရုတ်ကုမ္ပဏီများအား နိုင်ငံအတွင်းလာရောက်ရင်းနှီးမြှုပ်ရန် ဖိတ်ခေါ်ကြောင်း၊ နှစ်နိုင်ငံအကြား စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တို့ကို အားကောင်းအောင်ဆောင်ရွက်သွားရန် နှင့် နိုင်ငံပေါင်းစုံဆက်ဆံရေးကို ထိန်းသိမ်းစောင့်ရှောက်သွားရန် ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117