နေပြည်တော်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ပင်လယ်ကူး သင်္ဘောသားများအတွက် နိုင်ငံတကာအဆင့် ပြည့်စုံသည့် ရေကြောင်း အလုပ်သမား ဥပဒေကြမ်းကို ရေးဆွဲလျက်ရှိရာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
မိုလ်ဆူးလ်၊ အီရတ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မိုဆူးလ်မြို့ အနောက်ဘက်တွင် မြေမြှုပ်မိုင်း တစ်ခု ပေါက်ကွဲခဲ့ရာ ပြင်သစ် သတင်းစာဆရာ တစ်ဦးနှင့် အီရတ် ကာ့ဒစ်ရှ် သတင်းစာဆရာ တစ်ဦး သေဆုံးခဲ့ကြောင်း အီရတ် လုံခြုံရေး သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ ဆိုနာစနစ်ဖြင့် ဖမ်းယူရရှိသည့် ပုံရိပ်များ အပေါ်မူတည်၍ ငါးဖမ်းပိုက် များဖြင့် တရွတ်ဆွဲရှာဖွေရာ လေယာဉ်အမြီးပိုင်း တွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေ များက Y-8 ပျက်ကျလေယာဉ်ကိုယ်ထည် အလူမီနီယံအပိုင်းအစ ၆ ခု ဆယ်ယူရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး...
ဘရပ်ဆဲလ်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မြို့ ဘူတာကြီးတွင် ဇွန်လ ၂၀ ရက် ဒေသစံတော်ချိန် ၂၁း၀၀နာရီ မတိုင်ခင်က အသေးစား ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှု အား အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ဘယ်လ်ဂျီယံ ပြည်ထောင်စု ရှေ့နေရုံး ၏...
ကန်းစု၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှု၏ အဓိကသော့ချက်စီမံကိန်းတစ်ရပ်ဖြစ်သည့် တရုတ်နိုင်ငံကန်းစုပြည်နယ် အတွင်းရှိလိုဏ်ခေါင်းမှာ ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ ဥမင်လိုဏ်ခေါင်းမှာ ၁၃.၆၁ ကီလိုမီတာအရှည်ရှိပြီး ၈ နှစ်ကြာ အချိန်ယူတည်ဆောက်ခဲ့ရသည်။ ဇွန်လ ၁၉ ရက်နေ့က ထိုဥမင်လမ်းပိုင်းကိုကန်းစုပြည်နယ်တွင် အောင်မြင်စွာဖောက်လုပ်ပြီးစီးပြီဖြစ်သည်။ ခေတ်သစ်ပိုးလမ်းမကြီးအစပျိုးဖော်ဆောင်မှု၏ အဓိကသော့ချက်ဖြစ်သည့် အဆိုပါဥမင်လိုဏ်ခေါင်းက ကန်းစုပြည်နယ်ကို...