Connect with us

Local

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ဇွန်လတွင် ပြုလုပ်မည်

မြန်မာကျပ်ငွေဖြင့် ရောင်းချသည် ကျောက်မျက်ပွဲအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ)

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ဇွန်လ ၈ ရက်မှ ၁၃ ရက် အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ကျောက်မျက် ရတနာ ပြပွဲ ဗဟိုကော်မတီမှ ထုတ်ပြန် ကြေညာခဲ့သည်။

ကျောက်မျက် ရတနာ ရောင်းချပွဲသို့ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက် ရတနာ တူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ လိုင်စင် ရယူ၍ ကျောက်မျက် ရတနာ အချောထည် ထုတ်လုပ်ခြင်း ၊ ရောင်းချခြင်း ၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ ၊ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ နှင့် အညီ မှတ်ပုံတင်ထားသူများ ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များ နှင့် အညီ ရောင်းချပွဲသို့တက်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေ ၊ နည်းဥပဒေများ နှင့် အညီ ခွင့်ပြုမိန့်နှင့် လိုင်စင် ရယူထားသူများကို ဝယ်ယူ ခွင့်ပြုမည် ဖြစ်ပြီး ရောင်းချပွဲသို့တက်ရောက် ဝယ်ယူလိုသော နိုင်ငံသား ရတနာ ကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံ စပေါ်ငွေ နှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောင်းချပွဲတွင် ကျောက်မျက် အတွဲများ ရောင်းချခြင်းအား ဇွန် ၈ ရက် နှင့် ၉ ရက်တို့တွင် ရတနာ ကုန်သည်များ ကျောက်မျက် အတွဲများကို ကြည့်ရှု စစ်ဆေးခြင်း နှင့် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည့် ကျောက်မျက် အတွဲများ အတွက် ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများတွင် ထည့်သွင်းခြင်း ၊ ဇွန် ၁၀ ရက်တွင် ကျောက်မျက် အတွဲများကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်း အတွဲများ ရောင်းချခြင်းကို ဇွန် ၈ ရက်မှ ၁၀ ရက် အထိ ရတနာ ကုန်သည်များ ကျောက်စိမ်း အတွဲများကို ကြည့်ရှု စစ်ဆေးခြင်း နှင့် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်း အတွဲများ အတွက် ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများတွင် ထည့်သွင်းခြင်း ၊ ဇွန် ၁၁ ရက်မှ ၁၃ ရက် အထိ ကျောက်စိမ်း အတွဲများကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ ရောင်းချပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်း နေပြည်တော်၌ ပြုလုပ်ခဲ့ရာတွင် ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း ကျပ် ၄၉ ဘီလျံကျော်(ကျပ် သန်း ၄၉၀၉၃ ဒသမ ၃၉) ဖိုး ရောင်းချခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.