Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ဗီယက်နမ် နိုင်ငံသို့ သွားရောက်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ အား နေပြည်တော် လေဆိပ်၌ တွေ့ ရစဉ်(ဓာတ်ပုံ - Myanmar President Office )

ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ဗီယက်နမ်နိုင်ငံသို့ ယနေ့မေ ၁၀ ရက် မွန်းလွဲပိုင်းတွင် မြန်မာ အမျိုးသား လေကြောင်းလိုင်းဖြင့် ထွက်ခွာ သွားကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ငုယင်ဖူးကျောင့် နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ် နိုင်ငံသို့ တရားဝင် အလုပ် သဘော ခရီး သွားရောက်ရန် နှင့် ဗီယက်နမ် နိုင်ငံ ဟနမ် ပြည်နယ်တွင် ကျင်းပ ပြုလုပ်မည့် (၁၆)ကြိမ် မြောက် ကုလသမဂ္ဂ ဗုဒ္ဓနေ့ အခမ်းအနားသို့ တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့နှင့်အတူ အဖွဲ့ဝင်များအဖြစ် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ လိုက်ပါ သွားကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Le Gia Thinh နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.