Connect with us

Africa & Middle East

ဘဂ္ဂဒက်မြို့ အရှေ့ပိုင်း အသေခုံဗုံးခွဲတိုက်ခိုက်မှု တွင် လူ ၈ ဦးသေဆုံး

အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဘဂ္ဂဒက်၊ မေ ၁၀ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ ၏ မြို့တော် ဘဂ္ဂဒက်မြို့ ၏ အရှေ့ ပိုင်း Sadr City ရပ်ကွက် ရှိ ဈေးတွင် မေလ ၉ ရက် က အသေခံဗုံးခွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ရာ လူ၈ ဦးသေဆုံးခဲ့ပြီး လူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းအရင်းအမြစ်က ဆင်ဟွာကိုပြောသည်။

အဆိုပါဖြစ်ရပ်၌ မေလ ၉ ရက် ညနေဘက်တွင် Sadr Cityရပ်ကွက် ရှိ လူစည်ကားသော Jamila ဈေးတွင် အသေခံဗုံးခွဲတိုက်ခိုက်သူ သည် ၎င်း၏ အင်္ကျ ီတွင် ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ကာ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘဂ္ဂဒက်ရဲတပ်ဖွဲ့က Ihsan Ali ကပြောသည်။

“Sadr City မှာ ဖြစ်ခဲ့ တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုမှာ နောက်ဆုံးအစီရင်ခံစာအရ လူ၈ ဦးသေဆုံးခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၂ဦးရှိပါတယ်’’ ဟု Ali ကပြောသည်။

လူပြည့်ကျပ်နေသော Jamila ဈေးထဲတွင် အဆိုပါပေါက်ကွဲမှုကြောင့် အနီးအနားရှိဆိုင်ခုံများ နှင့် ဈေးဆိုင်ခန်းများပျက်စီးခဲ့ကြောင်း Ali က ဖြည့်စွက်ပြောကြားသည်။

ဆေးရုံကားများက ဒဏ်ရာရရှိသူများကို ဘေးကင်းရာသို့ရွှေ့ပြောင်းပို့ဆောင်စဉ် တွင် အီရတ်လုံခြုံရေးအဖွဲ့များသည် အခင်းဖြစ်ပွားသည့် နေရာ သို့ဝင်ရောက်ခြင်းကို ပိတ်ပင်ထားခဲ့ပြီး နှင့် အခင်းဖြစ်ပွားသည့် နေရာသို့ လူများချဉ်းကပ်မှုကိုလည်းတားမြစ်ခဲ့ကြောင်း သိရသည်။

ဘဂ္ဂဒက်မြို့ ၏ လုံခြုံရေးတာဝန်နှင့် ပတ်သက်၍ တာဝန်ရှိသည့် ဘဂ္ဂဒက်စစ်ဆင်ရေးတိုင်းက ၎င်းတို့၏ သတင်းထုတ်ပြန်ချက်ထဲတွင် တိုက်ခိုက်ခံရမှု ကို အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များမပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.