နယူးဒေလီ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းတွင် သြဂုတ်လ ၃၁ ရက်က ငါးထပ် အဆောက်အဦ တစ်လုံးပြိုကျခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ် သြဂုတ်လကုန်ပိုင်းလောက်ထိ တရုတ်တပ်မတော်၌ အမှုထမ်းရန် စာရင်းပေးသွင်းခဲ့သည့် တရုတ်ကောလိပ်ကျောင်းသား ၁.၀၈သန်းကျော်ရှိခဲ့ပြီး ယခင်နှစ်ထက် ၅.၅၈ရာခိုင်နှုန်း များပြားလာခဲ့ကြောင်း ပညာရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၃၀ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာသဖြင့် ထိရောက်စွာဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဘရာဆီးလီးယား၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆာပေါ်လိုပြည်နယ် ရှိ ကာဗယ်လိုပင်တိုအဝေးပြေးလမ်းမ တစ်လျှောက်တွင် သြဂုတ် ၃၀ရက် က ကား ၃၆စီး ဆင့်ကဲတိုက်မိမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။