Connect with us

Latin America

တရုတ်-အမေရိကန် ၁၁ ကြိမ်မြောက် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများအတွက် တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဝါရှင်တန်သို့ ရောက်ရှိ

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲ အမေရိကန်နိုင်ငံ ဝါရှင်တန်သို့ မေလ ၉ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲသည် အမေရိကန်နိုင်ငံနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ၁၁ ကြိမ်မြောက် အဆင့်မြင့် ဆွေးနွေးညှိနှိုင်းမှုများအတွက် မေလ ၉ ရက်က ဝါရှင်တန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လျူက ဝါရှင်တန်သို့ ရောက်ရောက်ချင်း သတင်းထောက်များအား ပြောကြားရာတွင် လက်ရှိ အထူးအခြေအနေများအောက်တွင် အမေရိကန်နှင့်အတူ ကျိုးကြောင်းဆက်စပ်နိုင်ပြီး ပွင့်လင်းသော ဖလှယ်မှုများ စေ့စပ်ညှိနှိုင်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လျူသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တစ်ဦးဖြစ်သလို တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးဆွေးနွေးမှုအတွက် တရုတ်နိုင်ငံဆိုင်ရာ အကြီးအကဲလည်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် သွင်းကုန်အပေါ်စည်းကြပ်ကောက်ခံသည့်အခွန်များ တိုးမြှင့်ခြင်းသည် ပြဿနာဖြေရှင်း မဟုတ်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် တရုတ်နိုင်ငံ၊ အမေရိကန်နှင့် ကမ္ဘာကြီး တစ်ခုလုံးအား အန္တရာယ်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.