ဘန်ကောက် ၊ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က နိုင်ငံတောင်ပိုင်း ပတ်တနီပြည်နယ်အတွင်း ဇူလိုင်လ ၂၃ ရက်ညက လူလေးဦးသေဆုံးခဲ့ရသော လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုအားတိုက်ခိုက်မှုတွင်ပါဝင် ပတ်သက်သည့် လက်နက်ကိုင်များအားရှာဖွေရေးအတွက်ကျယ်ပြန့်သောစစ်ဆင်ရေးများပြုလုပ်သွား ရန် ဇူလိုင်လ ၂၄ ရက်ကအမိန့်ပေးခဲ့ကြောင်းသိရသည်။
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မသန်စွမ်းသူများ အကျိုးစီးပွား နှင့် အခွင့်အရေးအားကာကွယ်ရန် နှစ်ပေါင်း ၇၀ အတွင်း တိုင်းပြည်၏ ကြိုးစားအားထုတ်မှုတစ်ခုနှင့််ပတ်သက်၍ အစီရင်ခံစာ စက္ကူဖြူစာတမ်းကို တရုတ်နိုင်ငံက ဇူလိုင်ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆိုးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိကျည်ဖူး ၂ ခုအား ဇူလိုင်လ ၂၅ ရက်နံနက်အစောပိုင်းက အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit – CPU)များကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ပြည်ထောင်စု ဝန်ကြီးဌာန ၁၄ ခုတွင် ရှေ့ပြေးစီမံချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ မိမိတို့၏ စိတ်ဆန္ဒအလျောက် ထပ်မံဖွဲ့စည်းလာသည့် ပြည်ထောင်စု ဝန်ကြီးဌာနများ ရှိလာသဖြင့် ယခုအခါ...
ရန်ကုန် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၄ရက်အထိ သေဆုံးသူ ၇၁ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။