မာလီ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ ရာဇဝတ်တရားရုံး က မော်လ်ဒိုက်သမ္မတဟောင်း Maumoon Abdul Gayoom သည် ဝတ္တရားနှောင့်ယှက်မှုဖြင့် အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ၎င်းအား ဇွန် ၁၃ ရက်တွင် ထောင်ဒဏ် ၁၉လ ချမှတ်ခဲ့ကြောင်း သိရသည်။
အဘူဂျာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း တွင် သေနတ်သမားများ၏ တိုက်ခိုက်မှုတစ်ခုကြောင့် အနည်းဆုံး လူ ၁၀ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဇွန် ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) အမေရိကန်သည် မြောက်ကိုရီးယား၏နျူကလီးယားခြိမ်းခြောက်မှုများကို ရင်ဆိုင်ရတော့မည် မဟုတ်ဟု ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံပြီးနောက် ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန် တိုင်းဒေသကြီးကော့မှူးမြို့နယ်၊ သရက်တောကျေးရွာတွင် Multipurpose Terminal ဆိပ်ကမ်း တည် ဆောက်ရန်လုပ်ငန်းစီမံကိန်း အစီရင်ခံစာနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး ခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယအကြိမ်၊ ဆဋ္ဌမပုံမှန်အစည်းအဝေး ၌ လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် နှင့် အမေရိကန်နိုင်ငံခေါင်းဆောင် တို့အကြား ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးသည် အလွန်အရေးပါကြောင်း နှင့် အပြုသဘောဆောင်သည့် သမိုင်းဝင်အခိုက်အတန့်ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။