Connect with us

Politics, Law & Military

အင်ဒိုနီးရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရသည့် ဝီဒိုဒိုအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

အင်ဒိုနီးရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော ဂျိုကိုဝီဒိုဒိုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့်အတွက် ဂျိုကိုဝီဒိုဒို (Joko Widodo) ထံသို့ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများအနေဖြင့်လည်းကောင်း၊ ၎င်းကိုယ်တိုင် အနေဖြင့်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံစုံအဆင့်များတွင် ကျယ်ပြန်သော ဘုံအကျိုးကျေးဇူးများ မျှဝေမှုရှိသောကြောင့် သဘာဝ မိတ်ဖက်များဖြစ်ကြောင်း ရှီက ထောက်ပြခဲ့သည်။

မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ပိုမို စုပေါင်းညှိနှိုင်းဆောင်ရွက်ရန် ဖွံ့ဖြိုးဆဲ ရပ်ဝန်းနှင့် ပိုးလမ်းမ (ခေတ်သစ်ပိုးလမ်းမကြီး) ပူးတွဲမြှင့်တင်ရန် အခွင့်အလမ်း ယူဆောင်ခဲ့ပြီဖြစ်ကြောင်း၊ နယ်ပယ်များစွာ၌ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုတွင် အသီးအပွင့် ရလဒ်များ ရရှိခဲ့ပြီဖြစ်ကြောင်း၊ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုသစ်ဆီသို့ ၎င်းတို့၏ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်နေကြောင်း ရှီက ဆိုသည်။

ထို့ပြင် ရှီက ၎င်းအနေဖြင့် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေးအား မဟာအရေးပါမှုဖြစ်ကြောင်း၊ လာမည့် ငါးနှစ်တာတွင် သမ္မတ ဝီဒိုဒိုနှင့် တိုးတက်မှုတည်ဆောက်ရေး ဆက်လက်မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား မြင့်မားသောအဆင့်များသို့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ဆက်လက်မြှင့်တင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှီက သဝဏ်လွှာ၌ ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.