Connect with us

Politics, Law & Military

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူ

မြောင်းမြမြို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်) အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် က သတင်းထုတ်ပြန်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း တောင်သူလယ်သမားများ၏ စပါး ရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရာတွင် မြောင်းမြမြို့နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဒေါ်မာလာတင်သည် တောင်သူလယ်သမားများ၏ အခက်အခဲများအပေါ် အခွင့်ကောင်းယူကာ လာဘ်ငွေရယူ အဂတိလိုက်စားပြီး ဥပဒေစည်းမျဉ်းစည်းကမ်း ပြင်ပ ဆောင်ရွက်နေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည် လေးအိမ်တန်းကျေးရွာအုပ်စုမှ တောင်သူ (၁၄)ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ် ၁,၈၉၇,၀၅၆ဝိ/- ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ရက်တွင် မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက်တွင် ယင်း တောင်သူ (၁၄) ဦးအား ၂၀၁၇ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေသစ်ထုတ်ချေးပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေ ပေးဆပ်ရန်ကျန် တောင်သူ (၁၁)ဦး၏ တစ်ဦးချင်း ပြန်လည်ပေးဆပ်သည့် ချေးငွေကျပ် ၁,၅၄၁၁,၀၀ဝိ/-နှင့် ငါးရာခိုင်နှုန်း အတိုးဖြင့် အပိုဆောင်းပေးရငွေကျပ် ၇၇၀,၅၅ဝိ/-အား ဒေါ်မာလာတင်က ကိုယ်တိုင်လက်ခံ ရယူခဲ့ကြောင်း၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာတင် သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အတိုးငါးရာခိုင်နှုန်း ကျပ် ၇၇၀,၅၅ဝိ/-ကို မိမိ ကိုယ်ကျိုးအတွက် ရယူခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်) အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲ ဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.