ရှန်ရှီး၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှန်ရှီးပြည်နယ်ရှိ ဟူကိုး ရေတံခွန်သည် မြစ်ဝါမြစ်၏ အကြီးဆုံး ရေတံခွန်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံးရေတံခွန်လည်းဖြစ်သည်။ ၎င်းမှာ မီတာ ၃ဝ အမြင့်ရှိပြီး မုတ်သုန်ရာသီဥတုတွင် ရေတံခွန်အတွင်းရေစီးဆင်းမှုအရှိန်အဟုန်မြင့်မားပြီး မျက်စိပသာဒဖြစ်ဖွယ်ကောင်းလှသောကြောင့် ရေတံခွန်၏ အလှအပများကို လာရောက်ခံစားကြသူများပြားလျက်ရှိသည်။(Xinhua)
မန်ဒိုစီနို၊သြဂုတ် ၇ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမြောက်ပိုင်း မန်ဒိုစီနို တွင် ဖြစ်ပွားလျက်ရှိသည့် တောမီးလောင်ကျွမ်းမှုမှာ ယခုသီတင်းပါတ်အကုန်တွင် နှစ်ဆခန့်ပိုမိုများပြားလာခဲ့ပြီး ၎င်းမှာ အမေရိကန်နိုင်ငံတွင် ဒုတိယအကြီးမားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်လာခဲ့သည်။ မြေဧကပေါင်း ၂၇၃ဝဝဝ အထိ မီးလောင်ကျွမ်းလျက်ရှိပြီး လူပေါင်း ၂သောင်းကျော်ကိုလည်း မီးဘေးနှင့်လွတ်ကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုအတွင်းလက်ရှိအချိန်အထိ ထိခိုက်ဒါဏ်ရာရ...
အော့တဝါ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအခြေအနေ ဆိုးဝါးနေသော်လည်း ကနေဒါနိုင်ငံ အနေဖြင့် ရပ်တည်ချက်များကို ပြောင်းလဲမည်မဟုတ်ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က သြဂုတ် ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍများတွင် အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများစွာ သြဂုတ်လ ၇ ရက်တွင် ပြန်လည် ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က သြဂုတ်လ ၆ ရက်တွင် ကြေညာလိုက်သည်။
ရောမ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ ရောမမြို့ အရှေ့တောင်ဘက် ၂၆၀ ကီလိုမီတာအကွာရှိ Foggia ဒေသတွင် သြဂုတ် ၆ ရက်က ယာဉ် မတော်တဆဖြစ်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက...