Connect with us

Environment, Disasters & Accidents

တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် နေ့အပူချိန်များ မြင့်တက်လျက်ရှိကြောင်း မိုးဇလထုတ်ပြန်

မိုးလေဝသခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် နေ့အပူချိန်များ မြင့်တက်လျက်ရှိပြီး နောက်(၃)ရက်အထိ နေ့အပူချိန်များ မြင့်တက်နေမည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့မှစ၍ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေ့အပူချိန်များသည် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီ စင်တီဂရိတ်အထိ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မေလ၏ ပုံမှန် အပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၇)ဒီဂရီစင်တီဂရိတ် အထိလည်းကောင်း၊ မြင့်တက်လျက်ရှိရာ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နောက်(၃)ရက်အထိ နေ့အပူ

ချိန်များ မြင့်တက်နေမည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။

သို့ပါ၍ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ရှိ ပြည်သူများအနေဖြင့် နေ့အပူချိန်များ သိသာစွာ မြင့်တက်နေမှုကို သတိပြုနေထိုင်ကြပါရန်မိုးဇလမှ အသိပေးထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117