Connect with us

Africa & Middle East

မြေထဲပင်လယ်ဒေသအတွင်း တရားမဝင်ပြောင်းရွှေ့နေထိုင်သူ ၁၆၉ ဦးကို မော်ရိုကို ကယ်ဆယ်

ပင်လယ်ပြင်တွင်း တရားမ၀င်ပြောင်းရွှေ့နေထိုင်သူများအားတွေ့ရစဉ်(အင်တာနက်)

ရာဘတ်၊ မေ ၂၁ ရက် (ဆင်ဟွာ)

မြေထဲပင်လယ်ဒေသအတွင်းရှိ ဆာဟာရဒေသနိုင်ငံများမှ တရားမဝင်ပြောင်းရွှေ့နေထိုင်သူ ၁၆၉ ဦး ကို မော်ရိုကိုနိုင်ငံ၏ ကမ်းခြေစောင့်တပ်များက ကယ်တင်ခဲ့ကြောင်း မော်ရိုကို စစ်တပ်က မေ ၂၀ ရက်တွင် ပြောကြားသည်။

အဆိုပါ တရားမဝင်ပြောင်းရွှေ့နေထိုင်သူများသည် မြေထဲပင်လယ်အတွင်း ယာယီသုံး သက်ကယ်လှေများပေါ်တွင် အချိန်တော်တော်ကြာ ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း မော်ရိုကို ကြည်းတပ်ကပြောကြားသည်။

Nador နှင့် Ksar-Sghirမြောက်ပိုင်းမြို့များ၏ ဆိပ်ကမ်းများသို့ တရားမဝင်ပြောင်းရွှေ့လုပ်သားများကို လုံခြုံစွာခေါ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်း မော်ရိုကိုနိုင်ငံမှ ထွက်ခွာကြသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၈၈,၇၆၁ ဦးကို တားဆီးနိုင်ခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။(Xinhua)