Connect with us

Politics, Law & Military

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင်ငွေကျပ် သိန်း၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူဖမ်းဆီးရမိသူတို့အားတွေ့ရစဉ် (ဓာတ်ပုံ-- မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့)

ရန်ကုန်၊ မေ၂၁ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၃၅.၆ သိန်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေလ ၁၉ ရက် ၁၈း၅၀နာရီ အချိန်တွင် တနင်္သာရီမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တနင်္သာရီ မြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ဇလုံးကျေးရွာ ပြည်ထောင်စုကားလမ်းပေါ်တွင် မှုခင်းကျဆင်းရေးလုပ်ငန်း များဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရပ်ထားသော မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် မြိတ်မြို့၊ ပုလဲဒီပါရပ်ကွက်နေ မအေးမိုးကြွယ် ၂၃ နှစ်၊ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်နေသူများဖြစ်သည့် ကောင်းထက်ပိုင်(ခ) ပိုင်ပိုင် ၂၃ နှစ်နှင့် ဖြူတုန်း(ခ)သန်းမင်းစိုး ၂၃ နှစ်တို့အားတွေ့ရှိပြီး ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၁၂ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၃၅.၆ သိန်း)၊ မြန်မာငွေ ၅၀,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မူးယစ် ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တနင်္သာရီမြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117