မနီလာ၊ မေ ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင် ၁၀ ဘီးထရပ်ကားတို့ ခေါင်းချင်းဆိုင်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး အခြားသူ ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မေလ၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂျီလာဗ့်ရုဗ် (Sergei Lavrov) က မေ၆ ရက်က ဖင်လန်နိုင်ငံ Rovaniemi မြို့တော်၌ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယို နှင့်တွေ့ဆုံစဉ် ဗင်နီဇွဲလားနိုင်ငံအကျပ်အတည်းအပေါ် စစ်ရေးနည်းလမ်းတစ်ခုဖြင့် အဖြေရှာခြင်းကို ရုရှားနိုင်ငံက...
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် AIR KBZ လေကြောင်းလိုင်းမှ မှာယူထားသည့် လေယာဉ်သစ်များ မေလ၆ ရက် တွင် ရောက်ရှိ ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ်အတွင်း တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဉ်းသား/သူ ၆၅၀၀ကျော်ကို ယနေ့ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၇ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့သည် ဗီယက်နမ်နိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင် အလုပ်သဘောခရီးစဉ်သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်မှု အရ သိရသည်။