Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံး၊ ၇၃ ဦး ဒဏ်ရာရ

ဖိလစ်ပိုင်နိုင်ငံရှိ ဆေးရုံကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ မေ ၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင် ၁၀ ဘီးထရပ်ကားတို့ ခေါင်းချင်းဆိုင်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး အခြားသူ ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မေလ၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုသည် ကွီဇုံပြည်နယ် အတီမိုနန်မြို့ရှိ အဝေးပြေးလမ်းပေါ်တွင် မေလ ၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထရပ်ကားယာဉ်မောင်း၊ ယာဉ်အကူနှင့် ဘတ်စ်ကားပေါ်မှ ခရီးသည်တစ်ဦးတို့ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ထရပ်ကားမှာ မနီလာမြို့သို့ ဦးတည်သွားနေခြင်းဖြစ်ပြီး ဘတ်စ်ကားသည် မနီလာမြို့တောင်ဘက် ဘီကိုလ်ဒေသသို့ သွားရောက်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ ဘတ်စ်ကားမောင်းသူက နှစ်လမ်းသွားလမ်းမပေါ်ရှိ ကားများအား ကျော်တက်ရန်ကြိုးစားစဉ် မျက်နှာချင်းဆိုင်မှလာသော ထရပ်ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများအား နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.