Connect with us

Social

ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် AIR KBZ လေကြောင်းလိုင်းမှ မှာယူထားသည့် လေယာဉ်သစ်များရောက်ရှိ

AIR KBZ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-- AIR KBZ)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် AIR KBZ လေကြောင်းလိုင်းမှ မှာယူထားသည့် လေယာဉ်သစ်များ မေလ၆ ရက် တွင် ရောက်ရှိ ခဲ့ကြောင်း သိရသည်။

ခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရန် AIR KBZ Ltd က မှာယူထားသည့် ATR-72-600 (2019 Model) လေယာဉ်သစ်များအနက် လေယာဉ်အမှတ် MSN-1528 (XY-AMN) နှင့် MSN-1531 (XY-AMO) လေယာဉ်နှစ်စီးသည် လေယာဉ်ထုတ်လုပ်သည့် ပြင်သစ်နိုင်ငံမှတစ်ဆင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

AIR KBZ Ltd သည် ATR-72-600 (2019 Model) လေယာဉ်လေးစီး မှာယူထားခြင်းဖြစ်ပြီး ကျန်ရှိသည့် လေယာဉ်အသစ်နှစ်စီးမှာ ဇွန်လတွင် ထပ်မံရောက်ရှိမည်ဖြစ်သည်။ ယခုမှာယူထားသည့် လေယာဉ်များအနက် ဒုတိယအသုတ် အနေဖြင့် ဇွန်လတွင် နောက်ထပ်နှစ်စီးရောက်ရှိလာပါက ပြည်တွင်းတွင် ATR-72-600 အများဆုံးပိုင်ဆိုင်သော လေကြောင်းလိုင်း တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် တွင်ပါရှိသည်။

AIR KBZ Ltd သည် အသစ်လေးစီး အပါအဝင် စုစုပေါင်းလေယာဉ် (၁၀) စီးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် အခြေပြုကာ ပြည်တွင်းခရီးစဉ်များဖြစ်သော နေပြည်တော်၊ ညောင်ဦး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ တာချီလိတ်၊ လားရှိုး၊ လွိုင်ကော်၊ ကလေး၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ခရီးစဉ်များတိုးချဲ့ပျံသန်းပြေးဆွဲလျက်ရှိပြီး မကြာမီ အိမ်နီးချင်းပြည်ပနိုင်ငံများသို့ တိုးချဲ့ပျံသန်းပြေးဆွဲရန် စီစဉ်လျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ အင်ဖာမြို့နှင့် ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ ဆူရတ်သန်နီ စသည့်မြို့များသို့ တိုက်ရိုက်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

AIR KBZ Ltd ကို ၂၀၁၀ ပြည့်နှစ် ဇူလိုင် ၁ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ATR-72-600 ငါးစီး၊ ATR-72-500 တစ်စီးဖြင့် ပြေးဆွဲလျက်ရှိရာမှ ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေလုံခြုံစေရန် 2019 Model ATR-72-600 လေးစီး ထပ်မံမှာယူခဲ့ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.