Connect with us

Politics, Law & Military

တတိယအကြိမ်အဖြစ် အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသား ၆,၅၀၀ကျော်ကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြု

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုသော ထုတ်ပြန်ချက်အားတွေ့ရစဉ်(နိုင်ငံတော် သမ္မတရုံး)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

၂၀၁၉ခုနှစ်အတွင်း တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဉ်းသား/သူ ၆၅၀၀ကျော်ကို ယနေ့ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသားအကျဥ်းသား/သူ ၆၅၂၀ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ ( ၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အကျဉ်းသားများစာရင်းတွင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ထားခံရသော ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့် ကျော်စိုးဦးလည်း ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသား/သူ များကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် ပထမအကြိမ်အဖြစ် ဧပြီ ၁၇ ရက်တွင် ၉,၅၃၅ ဦး၊ ဒုတိယအကြိမ်အဖြစ် ဧပြီ ၂၆ရက်တွင် ၆,၉၄၈ ဦးနှင့် ယနေ့( မေ ၇ရက်)တွင် ၆,၅၂၀ ဦး စုစုပေါင်း ၂၃,၀၀၃ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည်။(Xinhua)