ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့အနီးရှိ ရေပူစစ်ဆေးရေးဂိတ်တွင် တရားမဝင်သစ် ၉တန်ကျော် သယ်ဆောင်လာသောယာဉ်တစ်စီးကို စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ယူကရိန်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အနောက်ပိုင်း Lviv မြို့ တွင် အစာအဆိပ်သင့်မှုကြောင့် ကလေးငယ် ၆ဦး အပါအဝင် အနည်းဆုံး လူ ၅၆ဦး နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း ဒေသခံအာဏာပိုင်များက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက်တွင် စက်တင်ဘာ ၂၄ ရက်နှင့် စက်တင်ဘာ ၂၅ ရက်နေ့တို့တွင် တူးဖော်ရရှိမှုအရ ဟိန္ဒူ ဘာသာဝင် ရုပ်အလောင်း စုစုပေါင်း ၄၅ လောင်း ရရှိထားပြီး ဆက်လက် ရှာဖွေသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက...
ဝါရှင်တန် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ အိမ်ဖြူတော် က စက်တင်ဘာ ၂၅ ရက်နေ့၌ အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အား စစ်ကြေညာခြင်း မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုချက် ထုတ်ပြန်ခဲ့သည်။
ဒူဘိုင်း ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) ဒူဘိုင်းနိုင်ငံ ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(RTA) က ကမ္ဘာ့ပထမဆုံး ကိုယ်တိုင်မောင်းလေပေါ်တက္ကစီ ( AAT- ဒူဘိုင်းအလိုအလျှောက်လေရဟတ်တက္ကစီ) ကို စက်တင်ဘာလ ၂၅ ရက်တွင် Jumeirah ကမ်းခြေဥယျာဉ်၌ သရုပ်ပြမိတ်ဆက်မောင်းနှင်ပြသခဲ့ကြောင်း ဒူဘိုင်းနိုင်ငံပိုင် မီဒီယာက သတင်းဖော်ပြခဲ့သည်။