Connect with us

North America

မက္ကဆီကို က ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းစီမံချက် ဆောင်ရွက်ရန်စီစဉ်

မက္ကဆီကိုသို့လာရောက်လည်ပတ်ကြသောကမ္ဘာလှည့်ခရီးသွားများကိုတွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီတီး၊ ဧပြီလ ၁၅ ရက်(ဆင်ဟွာ)

မက္ကဆီကိုအစိုးရအနေနှင့် တရုတ်ခရီးသွားများလာရောက်လည်ပတ်မှုအားပိုမိုဆွဲဆောင်မှုပြုနိုင်ရန်အ တွက် “တံခါးဝမှာခေါက်နေစဉ်” (Knocking at the Door) အမည်ရှိ ကမ္ဘာလှည့်ခရီးသွားစီမံချက်တစ် ရပ်က ိုလုပ်ဆောင်သွားရန်စီစဉ်နေကြောင်း မက္ကဆီကိုကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာန က ဧပြီလ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

ထိုစီမံချက်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဈေးကွက် အကြီးမားဆုံးဖြစ်သော တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကဲ့သို့ နိုင်ငံများကိုပစ်မှတ်ထားမည်ဖြစ်ကာမက္ကဆီကိုနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများလာရောက် ရာနေရာများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်သွားမည်ဟုလည်းမက္ကဆီကိုကမ္ဘာလှည့်ခရီးသွားဝန် ကြီး မီဂွယ်တော်ရုကို(Miguel Torruco) ကပြောခဲ့သည်။

၎င်းက ”ကျွန်တော်တို့အတွက်တော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနိုင်ငံခြားငွေရရှိအောင ်အများဆုံး ပေးနိုင်မယ့် နိုင်ငံ ၁၅ နိုင်ငံရှိတယ်။ ဒီနိုင်ငံတွေရဲ့အစိုးရတွေနဲ့ပုဂ္ဂလိကကဏ္ဍတွေကလည်း သူတို့ခရီး သွားတွေပိုများလာဖို့ဖန်တီးပေးနိုင်စွမ်းရှိတယ်” ဟုပြောကြားခဲ့သည်။

မက္ကဆီကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတာဝန်ရှိသူများကလည်း တရုတ်အဆင့်မြင့်ခရီးသွားလုပ်ငန်း များအား မက္ကဆီကိုသို့ လာရောက်လည်ပတ်လိုသည့် ခရီးသွားများအားရှာဖွေသွားရန ်အကြံပြုထား ကြောင်းသိရသည်။ တရုတ်ခရီးသွားများအနေနှင့် မက္ကဆီကိုနိုင်ငံအရှေ့တောင်ပိုင်းရှိ ယူကာတန်၊ကမ် ပီချီ၊ချီးယားပါ့စ် နှင့် အောဆာကာ ကဲ့သို့ ရှေးဟောင်းသုတေသနဒေသများ၊တောအုပ်များ နှင့် ကိုလိုနီ ခေတ်မြို့များကို လာရောက်လည်ပတ်ရန်များစွာစိတ်ဝင်စားကြကြောင်း မီဂွယ် ကပြောခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်းကမက္ကဆီကိုသို့တရုတ်ခရီးသွား၁၃၅,၀၀၀ ဦးလာရောက်ခဲ့ရာ ၂၀၁၇ ခုနှစ်ကထက် ၃၅ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။မက္ကဆီကိုအနေဖြင့် ၂၀၁၉ ခုနှစ်တွင် စုစုပေါင်းခရီးသွား ၄၄ ဒသမ ၈ သန်းအထိလာာရောက်လည်ပတ်ကာယခင်နှစ်ကထက် ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်လာရန်မျှော် လင့်ထားကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117