Connect with us

Europe

ဖင်လန်နိုင်ငံ အတိုက်အခံ ဆိုရှယ် ဒီမိုကရက်တစ်ပါတီက လွှတ်တော်အတွင်း အင်အားအကြီးဆုံးဖြစ်လာနိုင်

ဆိုရှယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အန့်တီ ရိုင်းနီအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟယ်လ်ဆင်ကီ၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ဖင်လန်နိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော ဆိုရှယ် ဒီမိုကရက်တစ်ပါတီ (Social Democratic Party) က လွှတ်တော်၌ နေရာ ၄၀ ရရှိကာ အင်အားအကြီးဆုံးဖြစ်လာနိုင်ဖွယ်ရှိကြောင်း အမျိုးသား အသံလွှင့်ဌာန Yle က ဧပြီလ ၁၄ ရက်ညပိုင်း၌ ခန့်မှန်းခဲ့သည်။

အဆိုပါ ခန့်မှန်းချက်မှာ ဟယ်လ်ဆင်ကီစံတော်ချိန် ၂၁း၅၀ နာရီက ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ဆိုရှယ် ဒီမိုကရက်တစ်ပါတီက လွှတ်တော်နေရာ ၄၀ ရရှိလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ National Coalition ပါတီနှင့် Finns ပါတီတို့မှာ လွှတ်တော်၌ ၃၈ နေရာ အသီးသီးရရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် Center ပါတီမှာ နေရာ ၃၀ သာအနိုင်ရရှိခဲ့ပြီး အကြီးမားဆုံး ရှုံးနိမ့်သူဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက လွှတ်တော်နေရာ ၁၉ နေရာရှုံးနိမ့်သွားခဲ့သည်။

Green ပါတီနှင့် Left Alliance ပါတီတို့မှာ လွှတ်တော်၌ နေရာရရှိမှုတိုးလာခဲ့ပြီး Green က ယခင်ကထက် ၇ နေရာပိုရကာ ၂၂ နေရာဖြင့်လည်းကောင်း၊ Left Alliance ပါတီက ၄ နေရာပိုမိုရရှိကာ ၁၆ နေရာဖြင့်လည်းကောင်း အသီးသီးရရှိလိမ့်မည်ဖြစ်ကြောင်း သိရသည်။

ဆိုရှယ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အန့်တီ ရိုင်းနီ (Antti Rinne) ကမူ နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းရဦးမည် ဖြစ်ကြောင်း ယင်းခန့်မှန်းချက်များအပေါ် မှတ်ချက်ပြုခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117