ပေကျင်း၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) စွမ်းအင်သစ်သုံး မော်တော်ယာဉ်များ (NEVs) ဈေးကွက် တိုးတက်ကြီးထွားလာခြင်း နှင့်အတူ ယခုအခါ တရုတ်နိုင်ငံသည်လည်း အကြီးဆုံးသော NEV ဘက်ထရီထုတ်လုပ်သူ ဖြစ်လာသည်ကို တွေ့ရပေမည်။ သို့သော် ယင်းအခွင့်အလမ်းသည် များပြားလာသော စွန့်ပစ်ဘက်ထရီများကို မည်ကဲ့သို့ ပြန်လည်သုံးစွဲမည်ဟူသော စိန်ခေါ်မှုတစ်ရပ်ကိုလည်း ဖြစ်လာစေပါသည်။
ထရီပိုလီ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံရှိ ရွှေ့ပြောင်းကလေးငယ် ၃၆,၀၀၀ မှာ အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ (UNICEF) နှင့် ရွေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့က ပြောကြားခဲ့သည်။
ဆန်တီယာကို ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ချီလီ နိုင်ငံ တွင် အသစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် သမ္မတ Sebastián Piñera က ဒီဇင်ဘာ ၁၈ ရက်နေ့၌ တရုတ် နိုင်ငံ နှင့် ရင်းနှီးမြှုပ်နှံမှု ၊...
ဆိုးလ်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အစိုးရ က လျှို့ဝှက်ကင်မရာဆိုင်ရာ မှုခင်းများကို ကာကွယ်နိုင်ရန် အများပြည်သူဆိုင်ရာ ရေချိုးအိမ်များ၊ အဝတ်လဲခန်းများ နှင့် ရေအိမ်များအတွင်း ဓါတ်ပုံ၊ဗွီဒီယို ရိုက်ကူးခြင်းအားလုံးကို တားမြစ်ရန် စီစဉ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဒီဇင်ဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
မိုင်မာနာ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဖာရပ်ပြည်နယ် ရှီရင်းတာဂတ်ခရိုင် ရှိ တာလီဘန်တို့၏စခန်းများကို လုံခြုံရေးတပ်ဖွဲ့က လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၆ဦး အနည်းဆုံးသေဆုံးခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Nasratullah Jamshidi ကပြောကြားခဲ့သည်။