Connect with us

Africa & Middle East

အစ္စရေးဝန်ကြီးချုပ် က ဟားမားစ်တို့အားသတိပေး

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟု အားတွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုစလင်၊ မတ် ၈ ရက် (ဆင်ဟွာ)

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ရာဟု က ဂါဇာကမ်းမြောင်ဒေသမှ ဟားမားစ်အုပ်စုအနေဖြင့်နယ် စပ်ခြံစည်းရိုးတစ်လျှောက် အခြေအနေမတည်ငြိမ်အောင်ဆက်လက်လုပ်ဆောင်နေပါက စစ်ရေးအရ ပြင်းထန်စွာအရေးယူတုံ့ပြန်ရလိမ့်မည်ဟု မတ်လ ၇ ရက်ကပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ရာဟု ကအစ္စရေးနိုင်ငံတောင်ပိုင်းတွင်ဂါဇာစစ်တိုင်းနှင့်တောင်ပိုင်း တိုင်း တိုင်းမှူးများနှင့်လုံခြုံရေးဆွေးနွေးစဉ်ထိုသို့ပြောကြားလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

၎င်းက ဂါဇာ ကမ်းမြောင်ကိုထိန်းချုပ်ထားသောအစ္စလမ်မစ်ပါလက်စတိုင်းအဖွဲ့ဖြစ်သောဟားမားစ်အုပ် စုအနေဖြင့်မည်သည့်ရန်လိုသောပြုလုပ်မှုမျိုးကိုမဆိုပြုလုပ်နေပါကအစ္စရေးအနေဖြင့်ပိုမိုပြင်းထန်သေ ာ တုံ့ပြန်မှုကိုပြုရလိမ့်မည်ဟုလည်းပြောခဲ့သည်။

ဂါဇာမြောက်ပိုင်းရှိ ဟားမားစ်တို့၏စခန်းတစ်ခုအား အစ္စရေးတင့်ကားများကပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားအ ပြီးတွင် ဝန်ကြီးချုပ်နေတန်ရာဟု ကထိုသို့ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ စစ်ဖက်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ်လ ၇ ရက်ညနေအစောပိုင်းတွင် ဂါဇာမြောက်ပိုင်းအနီးအစ္စရေးစဝစ၀်စခန်းတစ်ခုသို့ပစ် ခတ်မှုများအား တုံ့ပြန်ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ ဒဏ်ရာရရှိသူတစ်စုံတစ်ရာရှိသည်ဟူ ၍မူမသိရှိရပေ။

၎င်းကအစ္စရေးစစ်လေယာဉ်များ၊မောင်းသူမဲ့လေယာဉ်များ(သို့မဟုတ်)တင့်ကားများကဂါဇာရှိဟားမားစ် တို့၏ စခန်းများ၊အဆောက်အအုံများနှင့်လေ့ကျင့်ရေးစခန်းများကို ပစ်မှတ်ထား၍ ငါးရက်မြောက်တိုက် ခိုက်ခြင်းလည်းဖြစ်သည်။အစ္စရေးစစ်တပ်က မိုးပျံဘောလုံးများ၊ဒုံးပျံများတွင် ပေါက်ကွဲစေသောပစ္စည်း များတပ်ဆင်လျက် အစ္စရေးတောင်ပိုင်းသို့ ဂါဇာကမ်းမြောင်မှ တိုက်ခိုက်နေမှုများကို တုံ့ပြန်တိုက်ခိုက် ခြင်းဖြစ်ကောင်းလည်းပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.