Connect with us

Asia

အမေရိကန် နှင့် တောင်ကိုရီးယား နိုင်ငံ စစ်ရေး ပူးပေါင်း လေ့ကျင့်မှု အသစ် ဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေး နှင့် ဆန့်ကျင်နေကြောင်း မြောက်ကိုရီးယား ပြောကြား

အမေရိကန် နှင့် တောင်ကိုရီးယား နိုင်ငံ စစ်ရေး ပူးပေါင်း လေ့ကျင့်မှု ပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ပြုံယမ်း ၊ မတ် ၈ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယား နှင့် အမေရိကန် နိုင်ငံ တို့က လတ်တလောရက်ပိုင်းအတွင်း “မဟာမိတ်” ဟု အမည်ပေးထားသည့် စစ်ရေးပူးပေါင်းလေ့ကျင့်မှု အသစ် စတင်ဆောင်ရွက် ခဲ့ခြင်းသည် ကိုးရီးယား ကျွန်းဆွယ်၏ ငြိမ်းချမ်းရေး အငွေ့အသက် နှင့် ဆန့်ကျင်နေပြီး မြောက်ကိုရီးယား-အမေရိကန် ပူတွဲကြေညာချက် နှင့် မြောက်-တောင် ပူးတွဲကြေညာချက် တို့အား ကြမ်းတမ်းစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံ တို့ က မတ်လ ၄ ရက် မှ စတင်၍ စစ်ရေးပူးပေါင်းလေ့ကျင့်မှု အသစ် တစ်ခု အား စတင် ဆောင်ရွက်ခဲ့ပြီး မတ်လ ၁၂ ရက် အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ စစ်ရေးလေ့ကျင့်မှု တွင် ကွန်ပျူတာ ဖြင့် မြောက်ကိုရီးယား နိုင်ငံ မှ တောင်ကိုရီးယား နိုင်ငံ သို့ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ရာတွင် စစ်ရေးဆောင်ရွက်မှု အစီအစဉ် များကို လေ့ကျင့်ကာ စစ်ရေးဆောင်ရွက်မှု အရည်အသွေး မြင့်မားစေရန် ရည်ရွယ်၍ လေ့ကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သတင်းဖော်ပြချက်အရ တောင်ကိုရီးယား နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့ က ယခုကဲ့သို့ ထူးခြားသည့် ဆောင်ရွက်မှုမျိုး ပြုလုပ်ခြင်းသည် ရန်သူဆက်ဆံရေး ပယ်ဖျက်ရေး နှင့် စစ်ရေးတင်းမာမှု လျှော့ချရေး တို့နှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်များအား ကြမ်းတမ်းစွာ ချိုးဖောက်ခြင်းဖြစ်ပြီး ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး အား လိုလားသည့် တိုင်းရင်းသားလူမျိုးများ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း ၏ မျှော်လင့်ချက် အား တိုက်ရိုက် စိန်ခေါ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117