Connect with us

NPC

ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်ဖွင့်ပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တက်ရောက်မည်

၁၃ ကြိမ်မြောက် NPC ဒုတိယအကြိမ် နှစ်ပတ်လည်အစည်းအဝေး၊ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် ဆက်ဆံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဧပြီလနှောင်းပိုင်း၌ ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်ဖွင့်ပွဲသို့ သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကာ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

ဝမ်သည် တရုတ်နိုင်ငံ၏ နှစ်ပတ်လည် ဥပဒေပြုအစည်းအဝေးနှင့် တွဲလျက်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ရှီသည် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲတစ်ခုတွင် သဘာပတိအဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။

ဒုတိယအကြိမ်မြောက် ဖိုရမ်သို့ ပထမအကြိမ်ကထက် ပြည်ပမှ ခေါင်းဆောင်များနှင့် အစိုးရတာဝန်ရှိသူများ ပို၍ တက်ရောက်မည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံပေါင်း ၁၀၀ မှ ကိုယ်စားလှယ်များစွာ တက်ရောက်ရန်နှင့် ပိုမိုကြီးကျယ်သော ဖိုရမ်ဖြစ်လာနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဖိုရမ်တွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအပေါ် ဦးတည်ထားသော ဖိုရမ်ခွဲ ၁၂ ခု ပါဝင်မည်ဖြစ်သလို ပထမဆုံးအကြိမ်အဖြစ် အထူးသဖြင့် စီးပွားရေးအသိုက်အဝန်းအတွက် ကွန်ဖရင့်တစ်ခုကိုလည်း စီစဉ်ထားမည် ဖြစ်ကြောင်း သိရသည်။

“ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ပိုမိုတောက်ပပြီး မျှဝေမှုရှိသောအနာဂတ်ကို ပုံဖော်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး ဖိုရမ်က အရည်အသွေးမြင့် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှုအား ဆောင်ကြဉ်းပေးရန် ရည်ရွယ်ထားကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117